ပြည်တွင်းခရီးသွားဧည့်သည်တွေကိုလည်း ခေါ်နူးစုမ်တောင်ဝင်ကြေးကောက်တော့မယ်

ပြည်တွင်းခရီးသွားဧည့်သည်တွေကိုလည်း ခေါ်နူးစုမ်တောင်ဝင်ကြေးကောက်တော့မယ်

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်ဟာ ပြည်ပဧည့်သည်တွေကိုပဲ ဝင်ကြေးကောက်ခံရာကနေ ဒီနှစ် ခရီးသွားရာသီကစပြီး ပြည်တွင်းဧည့်သည်တွေကိုလည်း ဝင်ကြေးကောက်ခံတော့မှာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကစပြီး ပြည်ပဧည့်သည်တွေကို တစ်ယောက် တစ်သောင်းကောက်ခံပြီး ဒီနှစ်ထိ သိန်း(၃၀၀)ကျော်ရရှိနေပါပြီ။

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက “အခု ဝင်ကြေးကောက်ခံဖို့ အသေးစိပ်စာတမ်းတွေရေးဆွဲနေတယ်။ အဲ့စာတမ်းကို သက်ဆိုင်ရာအစိုးရတာဝန်ရှိသူပုဂ္ဂိုလ်တွေကိုတင်ပြပြီး သူတို့အတည်ပြုချက်ရရင် ဒီနှစ် ခရီးသွားရာသီမှာ စကောက်နိုင်အောင်ကြိုးစားမယ်။ ဝင်ကြေးကောက်ခံရရှိထားတဲ့ပိုက်ဆံတွေကို ခေါ်နူးစုမ်အမျိုးသားဥယျာဉ်ပြန်လည်ထိန်းသိမ်းဖို့အသုံးချသွားမယ်”လို့ပြောပါတယ်။

လက်ရှိ ခေါ်နူးစုမ်အမျိုးသားဥယျာဉ်မှာဝန်ထမ်း(၂၀)သာရှိပြီး ဝန်ထမ်း(၄၀)လိုအပ်နေပါတယ်။ ၂၀၁၈ ခုနှစ် မေလ(၂၁)ရက်မှာ ပြည်နယ်အစိုးရက ပြည်တွင်းခရီးသွားဧည့်သည်တွေဝင်ကြေးကောက်ခံဖို့ဥပဒေပြုထားသော်လည်း နည်းဥပဒေမထွက်နိုင်သေးတာကြောင့် အခုထိ ဝင်ကြေးမကောက်ခံနိုင်သေးတာပါ။ မတ်လ (၅)ရက်နေ (၆)ရက်ထိ ကန်ပလက်မြို့မှာကျင်းပတဲ့ ချင်းပြည်နယ်လွှတ်တော်၊ သဘာဝထိန်းသိမ်းရေးအဖွဲ့နဲ့ နတ်မတောင်အမျိုးသားဥယျာဉ်ထိန်းသိမ်းရေးလုပ်ငန်းများဆိုင်ရာဆွေးနွေးကျင်းပပါတယ်။

ယင်းဆွေးနွေးပွဲသို့တက်ရောက်လာတဲ့ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်က “အလွတ်သဘောဆွေးနွေးတဲ့ထဲမှာတော့ ပြည်တွင်းခရီးသွားဧည့်သည်တွေကို လူကြီးဆိုရင် တစ်ထောင်ကျပ်၊ (၁၂)နှစ်အောက်ကလေးဆိုရင် ငါးရာကျပ်၊ ကျောင်းသူ၊သားတွေဆိုရင် ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ထောက်ခံချက်နဲ့လာရင် အခမဲ့ဝင်ခွင့်ပေးဖို့ပြောကြတယ်” လို့ပြောပါတယ်။

ခေါ်နူးစုမ်တောင်ဟာ ပေ (၁၀၂၀၀)မြင့်ပြီး ဥယျာဉ်သတ်မှတ်ထားတဲ့ဧရိယာဟာ ဧက(၁၇၆၂၀၂)ရှိပါတယ်။ ၁၉၃၆ သစ်တောဥပဒေရ ဥတုထိန်းသစ်တောကြိုးဝိုင်းဝိတိုရိယတောင်အဖြစ်သော်လည် းကောင်း၊၁၉၉၇ခုနှစ်ဇူလိုင်လတွင် အမျိုးသားဥယျာဉ်၊၂၀၁၀ခုနှစ်ဒီဇင်ဘာလတွင် နတ်မတောင်အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ခဲ့ကြပြီ ၂၀၁၂ ခုနှစ်စက်တင်ဘာလတွင် အာဆီယံ အမွေအနှစ် ဥယျဉ်အဖြစ်လည်းသမိုင်းဝင်သတ်မှတ်ခဲ့ကြသည်၊ ၂၀၁၃ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်အမျိုးသားဥယျဉ်အဖြစ်ယှဉ်ပြိုင်ခဲ့ရာ တောင်ထိပ်ကားလမ်းဖောက်လုပ်ခြင်းတခုကြောင့်ရှုံးနိမ့်ခံပါတယ်။ ၂၀၁၈ခုနှစ်တွင် ပြည်ပ၅၇၃၊ပြည်တွင်း၁၅၃၁၆ဦး ပြည်တွင်းဧည့်သည်ဝင်ရောက်မှုအများဆုံးမှတ်တမ်းတင်နိုင်ခဲ့တယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်