PDF (Kalay) က ခရိုင်ရုံး၊ ဒကစ နဲ့ ထောက်ပို့ကိုတိုက်ခိုက်ကာ စစ်ကောင်စီ ၅ ဦးသေဆုံး

ကလေးမြို့က ခရိုင်ထွေအုပ်ရုံး၊ ဒကစရုံးနဲ့ ထောက်/ပို့တပ်ကို PDF (Kalay)တပ်က ယနေ့ ဧပြီ ၁၃ ရက် ညနေ ၅ နာရီက ဝင်ရောက်တိုက်ခိုက်ကြတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

အခုလို တိုက်ခိုက်တာဟာ ယမနေ့ ဧပြီ ၁၂ ရက် PDF (Kalay) တပ်ရင်း ၃ စခန်းတစ်ခုကို အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းသိမ်းပိုက်တာကြောင့် အခုလိုတိုက်ခိုက်တာလို့ ဖော်ပြထားပါတယ်။

PDF (Kalay) က ခရိုင်ထွေအုပ်ရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးလက်နက်ငယ်များနဲ့ တရစပ်ပစ်ခတ်တိုက်ခိုက်ကြပါတယ်။

တချိန်တည်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) နဲ့ ထောက်/ပို့ တပ်များအတွင်းသိုလည်း ၄၀ မမ/ ၆၀ မမ/ ၈၀ မမ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အနည်းဆုံး ၅ ဦးခန့် သေဆုံးနိုင်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) နဲ့ ထောက်/ပို့ တပ်များသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးပါလို့ဖော်ပြထားပါတယ်။

Zawgyi

PDF (Kalay) က ခရိုင္ရံုး၊ ဒကစ နဲ႔ ေထာက္ပို႔ကိုတိုက္ခိုက္ကာ စစ္ေကာင္စီ ၅ ဦးေသဆံုး

ကေလးၿမိဳ႕က ခရိုင္ေထြအုပ္ရံုး၊ ဒကစရံုးနဲ႔ ေထာက္/ပို႔တပ္ကို PDF (Kalay)တပ္က ယေန႔ ဧၿပီ ၁၃ ရက္ ညေန ၅ နာရီက ဝင္ေရာက္တုိက္ခိုက္ၾကတယ္လုိ႔သတင္းထုတ္ျပန္ထားပါတယ္။

အခုလို တိုက္ခိုက္တာဟာ ယမေန႔ ဧၿပီ ၁၂ ရက္ PDF (Kalay) တပ္ရင္း ၃ စခန္းတစ္ခုကို အာဏာသိမ္းစစ္ေကာင္စီတပ္က ဝင္ေရာက္စီးနင္းသိမ္းပိုက္တာေၾကာင့္ အခုလိုတိုက္ခိုက္တာလုိ႔ ေဖာ္ျပထားပါတယ္။

PDF (Kalay) က ခရိုင္ေထြအုပ္ရံုးမွာတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ကို လက္နက္ၾကီးလက္နက္ငယ္မ်ားနဲ႔ တရစပ္ပစ္ခတ္တုိက္ခိုက္ၾကပါတယ္။

တခ်ိန္တည္းတြင္ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္ (ကေလး) နဲ႔ ေထာက္/ပို႔ တပ္မ်ားအတြင္းသိုလည္း ၄၀ မမ/ ၆၀ မမ/ ၈၀ မမ လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။

ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးအတြင္းသို႔ ပစ္ခတ္တိုက္ခိုက္မႈအတြင္း အၾကမ္းဖက္စစ္ေကာင္စီလက္ပါးေစ အနည္းဆုံး ၅ ဦးခန႔္ ေသဆုံးႏိုင္ၿပီး ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္ (ကေလး) နဲ႔ ေထာက္/ပို႔ တပ္မ်ားသို႔ လက္နက္ႀကီးျဖင့္ တိုက္ခိုက္မႈေၾကာင့္ ထိခိုက္ေသဆုံးမႈကို အတည္ျပဳႏိုင္ျခင္းမရွိေသးပါလုိ႔ေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်