ချင်းပြည်နယ် အဝင်လမ်း ခတ္တ လမ်းပိတ်မယ်လို့ စီးယင်းချင်းဒေသကာကွယ်ရေးအဖွဲ့ ကြေညာ

၂၈၊ နိုဝင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်မြောက်ပိုင်းက ဝင်ထွက်သွားလာမယ့် လမ်းတွေကို လုံခြုံရေးအခြေနေအရ ခတ္တခဏ ပိတ်ထားမယ်လို့ စီးယင်းချင်း ဒေသကာကွယ်ရေးအဖွဲ့ CDF CDM Siyin က နိုဝင်ဘာ ၂၇ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

CDF CDM Siyin ရဲ့ထုတ်ပြန်ချက်မှာတော့ လမ်းပိတ်တဲ့အချိန်ကာလကို ရက်စွဲအတိအကျနဲ့ ဖော်ပြထားခြင်းမရှိပေမယ့် လမ်းပြန်ဖွင့်ချိန်ကို ပြန်လည် ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

Zalen ad

နိုဝင်ဘာ ၂၆ရက်နေ့ ညပိုင်းမှာ တီးတိန်မြို့နယ်က ကလေး-တီးတိန်လမ်းမဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါတယ်။

ဒါကြောင့် နိုဝင်ဘာ ၂၇ရက်နေ့ မနေ့က ကလေးမြို့ကနေ ချင်းတောင်ကို တက်သွားတဲ့ ကားတွေအားလုံးနီးပါး ကလေးဘက်ကို ပြန်လှည့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ အခုလောလောဆယ်တော့ ကလေး-တီးတိန်လမ်းတစ်လျှောက် လမ်းသွားလမ်းလာတွေက ရှင်းလင်းနေတာပဲ။ ဘယ်သူမှ သွားတာမရှိဘူး။ အခုဒီဘက်လမ်းလည်း ပိတ်တယ်ဆိုတော့ တီးတိန်- ဖလမ်း-ဟားခါးဘက်ကနေ ပတ်ပြီး ပြည်မဘက်ကို သွားတဲ့ ကားတွေတော့ အခက်အခဲဖြစ်မှာပေါ့။ အခုလောလောဆယ်က ဟားခါးလမ်းဘက်ကပဲ ပတ်ပြီး ကုန်သယ်နေရတာလေ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးမြို့ကိုဆက်သွယ်သွားလာတဲ့ မဟာမြိုင်လမ်း ပိတ်နေတာကြောင့် ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်- ဖလမ်း- ဟားခါးမြို့ကနေ ပြည်မဘက်ကို သွားကာကုန်စည်တင်ပို့နေရတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် အဝင်လမ်းကို ပိတ်ထားတာကြောင့် ကုန်စည်သယ်ယူရေး အခက်အခဲဖြစ်ပြီး ကုန်စည်ပြတ်လပ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း-HeiSok Khai

နောက်ဆုံးရသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အကျဉ်းသား တွေကို ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြု

ဧပြီ ၁၇ ၊ ၂၀၂၆ Zalen ဒီနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။ နှစ်သစ် အထိမ်းအမှတ်အနေနဲ့ရော၊ ပြည်သူတွေ ...

ဆက်ဖတ်ရန်