မီဇိုးရမ်ပြည်နယ်ရှိ မီဇိုအမျိုးသမီးများ လူမျိုးခြားအမျိုးသားလက်ထပ်ပါက မီဇိုးလူမျိုးစာရင်းမှပယ်မယ်

အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်ရှိ အားအကောင်းဆုံးအရပ်ဖက်လူမှုအဖွဲ့အစည်းဖြစ်တဲ့ YMA(မီဇိုးလူငယ်အဖွဲ့အစည်း)က လူမျိုးခြားအမျိုးသားများကိုလက်ထပ်တဲ့ မီဇိုးအမျိုးသမီးတွေ မီဇိုးလူမျိုးစာရင်းမှပယ်ဖျက်မယ့်ဥပဒေပြဌာန်းဖို့ ဒုတိယကြိမ်မြောက် YMA လူထုအစည်းဝေးမှာ သဘောတူဆုံးဖြတ်ကြပါတယ်။

ယင်းအစည်းအဝေးကို အောက်တိုဘာ(၁၉)ရက်မှာ မီဇိုးရမ်မြို့တော် အိုင်ဇောလ်မြို့ ဗန်နာပါခန်းမတွင်ကျင်းပကြပါတယ်။ လက်ရှိ မီဇိုးရမ်ပြည်နယ်မှာ ချင်းလူမျိုးအများအပြားသွားရောက်နေထိုင်ပြီး ကလေးမြို့၊ တာဟန်းတွင်လည်း မီဇိုးစကားအသုံးပြုတဲ့ ဟွာလ်ငို၊ လူရှည်လူမျိုးအများအပြားနေထိုင်လျက်ရှိတယ်။

ပြည်နယ်အစိုးရထံတင်ဖို့ YMAလူထုအစည်းအဝေးဆုံးဖြတ်ချက်တွေကတော့ မီဇိုးအမျိုးသမီးတွေက လူမျိုးခြားအမျိုးသားတွေနဲ့လက်ထက်ရင် လူမျိုးစာရင်းကနေပယ်ဖျက်နိုင်တဲ့ ‘Social Custum Bill’ ကို မီဇိုးရမ်ဥပဒေပြုရေးအစည်းအဝေးမှာအတည်ပြုဖို့ YMA ကတိုက်တွန်းရန်၊ National Register of Citizens (NRC) လည်း မီဇိုးရမ် ပြည်နယ်မှာ အသုံးပြုရန်၊ မီဇိုးရမ် ကျမ်ဖိုင်းမြို့မှ တာဟန်းအထိ အစိုးရက လိုင်းကားပြေးဆွဲရန် စသည်တို့ပါဝင်ပါတယ်။

Zalen ad

Ref: Vanglaini

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု သုံးရက်ဆက်တိုက်ပြုလုပ်

မေ ၁၃ ၊၂၀၂၆Zalen ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ ရက်ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ဒီကနေ့ ညနေ ၄ နာရီ၀န်းကျင်တုန်းကလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းကနေ တကြိမ် ...

ဆက်ဖတ်ရန်