တီးတိန်နဲ့ တီအိုချောင်းကြားရှိတဲ့ မံဆောင်းမြစ်ကူးတံတားကို စစ်ကောင်စီကမိုင်းခွဲဖျက်ဆီး

၈၊ဇွန်၊၂၀၂၄

Zalen

ချင်းပြည်နယ်၊တီးတန်မြို့နဲ့နယ်စပ်တီအိုချောင်းလမ်းကြားရှိ မံဆောင်းတံတားကို စစ်ကောင်စီက ယနေ့ ဇွန်လ မနက်၈နာရီဝန်းကျင်မှာ မိုင်းခွဲပြီးဖျက်ဆီးတယ်လို့ သိရပါတယ်။

တီးတိန်မြို့မှာ ရှိတဲ့ စစ်ကောင်စီတပ်က မနက်မှာ

Zalen ad

မံဆောင်းတံတားကိုသွားရောက် ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး တီးတိန်နဲ့ ၃မိုင်ဝန်းကျင်ဝေးတဲ့ Lamzang ရွာရှိ အရပ်သားတစ်ချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

“တံတားဘက်ကိုအသွားမှာ ရွာကလူငယ်တွေကိုဖမ်းပြီး အိမ်တအိမ်မှာစုပြီးဖမ်းထားတယ်။သူတို့တံတားခွဲပြီး အပြန်မှာ ပြန်လွတ်ပေးတယ်။စကစတွေလည်းတီးတိန်မြို့ထဲပြန်ဝင်သွားပြီ”လို့ ဒေသခံတစ်ဦးထံကသိရပါတယ်။

မံဆောင်းတံတားဟာ ကလေးနယ်နှင့်ချင်းပြည်နယ်မှ အိန္ဒိယနယ်စပ်တီအိုချောင်းကိုသွားလာဖို့အသုံးပြုတဲ့ အဓိက မြစ်ကူးတံတားတစ်ခုလည်းဖြစ်ပါတယ်။

သတင်း- HAK

No photo description available.

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်