မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်

၁၀ ၊ ဇွန် ၊ ၂၀၂၄

Zalen

မင်းတပ်မြို့နယ်၊မောနယ်အမှတ် ၁နဲ့၂စပ်ကြား မိုင်လေးဆယ်ရွာ နဲ့ ချပ်ရွာကြားတွင် ဒီနေ့ညနေ ၃ နာရီ ၄၀ မိနစ်ဝန်းကျင် အချိန် တံတားဉီးလေတပ်မှ တက်လာ​ သောဂျက်ဖိုက်တာ နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဟာ မိုင်လေးဆယ်ရွာ နားကတောင်ခြေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပြီး ဘာကြောင့်အဲဒီနေရာတွေကို ဗုံကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့လဲမသိရသလို ထိခိုက်မှုတွေ ရှိ၊ မရှိ ကိုလည်းအသေးစိတ် မသိရသေးပါ။

Zalen ad

အဆိုပါလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒေသခံတစ်ဉီးက”ပထမအကြိမ်ကြဲတာတော့အသံပဲ ကြားလိုက်တယ်၊မမြင်လိုက်ဘူး၊ဒုတိယအကြိမ်ကြဲတာတော့မြင်လိုက်တယ် ၊ တောင်ခြေကိုကြဲတာ၊တောနက်ကြီးတွေပဲ၊ဘာကြောင့်ပစ်တာလဲဆိုတာမသိပါဘူး၊ တော်လှန်ရေးအဖွဲ့ရှိမယ်ထင်တာလား၊တောင်သူတွေကိုကြဲတာလားမသိပါဘူး”လို့ Zalen ကိုပြောပါတယ်။

မင်းတပ်မြို့နယ်အတွင်း ဇွန်လ ၁ရက်နေ့မှ ၁၀ရက်နေ့အထိ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ရှိခဲ့ပြီးလေကြောင်းတိုက်ခိုက်မှု​ကြောင့် အရပ်သားပြည်သူ တစ်ဉီးသေဆုံးပြီး၊တစ်ဉီးဒဏ်ရာရကာ နေအိမ် ရှစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်