တမူးမြို့မှာ ၁၀တန်းအောင်လို့ သူငယ်ချင်းတွေနဲ့ ပျော်ပါးရာ လူငယ်တစ်ဦး ရေနှစ်သေဆုံး

၁၂၊ ဇွန် ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်လို့ သူငယ်ချင်းတွေနဲ့ ချောင်းထဲမှာ ပျော်ပါးရင်း ၁၀တန်း ကျောင်းသား တစ်ယောက် မနေ့ ဇွန်လ ၁၁ရက် နေ့တွင် ရေနစ် သေဆုံးသွားတယ်လို့သိရပါတယ်။

” ကလေးက ၁၀တန်းအောင် တော့ ပျော်လွန်းလို့ သူငယ်ချင်းတွေနဲ့ ရေချိုးသွားတာ။ ချောင်းထဲရောက်တော့ ခုန်ပေါက်ဆော့ကစာရင်း ရေနစ်သွားတာ။ ပြန်မပေါ်လာတော့ဘူး။

Zalen ad

ညနေပိုင်းမှ အလောင်းပြန်တွေ့ကြတာလို့” ၎င်းနဲ့ နီးစပ်သူက Zalen ကိုပြောပါတယ်။

၂၀၂၄ ခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့တာကြောင့် သူငယ်ချင်း အပေါင်းသင်းများနဲ့ ပျော်ပွဲထွက်ရာမှ အခုလို ရေနစ်သေဆုံးသွားတာလို့ ပြောပါတယ်။

အဆိုပါ ကျောင်းသားလေးဟာ စော်ဘွား(၇) ရပ်ကွက်မှာနေထိုင်တာဖြစ်ပြီး ၎င်း ရဲ့ အလောင်းကို ‌မိသားစုဝင်များမှ မနေ့ ညနေတွင် သွားရောက်သယ်ဆောင်သွားတယ်လို့ ကျောင်း ဆရာတစ်ဦးထံမှ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီအောက် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ထုတ်ပြန်ချက် အောင်စာရင်းတွင် တမူး စာစစ်ဌာနမှ အောင်ချက် အကောင်ဆုံးနဲ့ အဆင့် ၄ ရရှိတယ်လို့ သိရပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်