မင်းတပ်မြို့နယ်အ တွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်

၁၄ ၊ဇွန် ၊ ၂၀၂၄

Zalen

ချင်းပြာ်နယ်၊မင်းတပ်မြို့နယ်အတွင်း မြင်းခြေတောင် ကို ဇွန်လ ၁၃ ရက် ည၉နာရီ ၁၈မိနစ်မှာ အကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

မြင်း​ခြေတောင် ဟာမင်းတပ်မြို့နယ် အမှတ် ၁ ထာလောင်းဂျေးရွာ နဲ့ အမှတ် ၂ ခွီးရိန် ကျေးရွာ အစပ်နားမှာရှိတယ်လို့သိရပါတယ်။

Zalen ad

စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့်အထိအခိုက် သေသေချာချာမသိရပေမဲ့ တောင်ထိပ်မှာရှိတဲ့ MPT တာဝါတိုင်နဲ့ ပေ ၃၀၀ လောက်အကွာမှာကျရောက်ခဲ့ပြီး တောင်ယာ၊ဉယျာဉ် တွေနဲ့လည်း နီးနေတယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့”မြင်းခြေတောင် တောင်ခြေမှာကျတာ၊ပေါင်က ၅၀၀အားတစ်လုံးပဲ၊ အဲဒီနားမှာ နေအိမ် တွေရှိတယ်၊တောင်ယာ၊ဉယျာဉ်တွေလည်းရှိတယ်၊အသေးစိတ်ထိခိုက်မှုတော့မသိရသေးပေမဲ့ တာဝါတိုင်နဲ့ကပေ ၃၀၀လောက်တော့ဝေးတယ်၊”လို့ ဒေသခံတစ်ဉီးက Zalenကိုပြောပါတယ်။

အမှတ် ၂၇၄တပ်ရင်းကလည်းမင်းတပ် အမှတ် ၁၊၂ ဘက်ကိုလက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတယ်လို့သိရပါတယ်။မင်းတပ်မြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေခပ်စိပ်စိပ်ပြုလုပ်နေသဖြင့် ကျေးလက်နေပြည်သူများ နေ့စဉ်နဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်