တီးတိန်မြို့က စစ်ကောင်စီတပ်သား တစ်ရာကျော် ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာ

၁၇၊ ဇွန်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့က စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၆ ရက်နေ့ကစပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ စစ်ကြောင်းဟာ တီးတိန်မြို့နယ် ခွေနွဲ (khui Nuai) ရွာကို ဇွန်လ ၁၆ရက်နေ့ညပိုင်းမှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

Zalen ad

ဒါကြောင့် အဲဒီရွာက ဒေသခံတွေ‌ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” သူတို့ ထိုးစစ်ပြန်ဆင်မယ့်ပုံပဲ။ ကလေးမြို့ကနေ လည်း တက်လာသေးတယ်။ အခုလည်း တီးတိန်က ဆင်းလာတော့ ကျွန်တော်တို့ ဒေသခံတွေလည်း ကြောက်နေကြတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၁၅ရက်နေ့ မနက်ပိုင်းမှာ ကလေးမြို့ကနေ ချင်းတောင်ဘက်ကို စစ်ကောင်စီတပ်သား အင်အား တစ်ရာ၀န်းကျင်လောက် စစ်ကြောင်းထိုးလာခဲ့ပြီး မွှာပီးရွာအရောက်မှာ ပြန်လှည့်သွားခဲ့တယ်လို့ သိရပါတယ်။

ကလေး- သိုင်းငင်း- တီးတိန်လမ်းမတစ်လျှောက်ရှိ ကျေးရွာတွေက ဒေသခံတွေဟာ တိုက်ပွဲတွေ ဖြစ်လာမှာ စိုးရိမ်လို့ ဘေးလွတ်ရာ ကြိုတင်တိမ်းရှောင်နေကြရပါတယ်။

CDF/ CDM Siyin အဖွဲ့က ခရီးသွားပြည်သူတွေအနေနဲ့ အရေးပေါ်ကိစ္စမရှိပဲ ကလေး- သိုင်းငင်း- တီးတိန်လမ်းမတစ်လျှောက် လမ်းဘေးချမရပ်နားကြဖို့၊ လူစုလူဝေး မလုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်