သိုင်းငင်းရွာက ဗိုလ်ရုံအပါအဝင်နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့

၂၂၊ ဇွန်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာက နေအိမ်တွေကို ဇွန် ၂၁ရက်နေ့ကစပြီး စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိုင်းငင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန် ရေးအဖွဲ့တို့ အကြား ယနေ့ဇွန် ၂၂ရက်‌နေ့ မှာ တိုက်ပွဲ ပြန်ဖြစ်ပွား နေတယ်လို့ ဆိုပါတယ်။

Zalen ad

ဇွန် ၂၁ရက်နေ့က သိုင်းငင်းရွာက ဗိုလ်ရုံအပါအ၀င် အိမ်အများအပြားကို မီးရို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” ဒီနေ့ တိုက်ပွဲ ဖြစ်တယ်။ တော်လှန်ရေး အဖွဲ့တွေက စစ်ကူခေါ်ပြီး ပြန်တိုက်တာ၊ ဒရုန်းတွေနဲ့လည်း ချတယ်။ စကစ က နေအိမ်တွေ မီးရှို့တော့တာပဲ။ မီးလောင်တဲ့အထဲမှာ ဗိုလ်ရုံလည်း ပါတယ်၊ နေအိမ်တွေလည်း ပါတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သိုင်းငင်းစခန်းကို စစ်ကောင်စီတပ်တွေက ဇွန်လ ၂၀ရက်နေ့မှာ ပြန်လည် သိမ်းယူထားခဲ့ပြီး ၂၁ရက်နေ့မှာ သိုင်းငင်းရွာရှိ စစ်ကောင်စီတပ်တွေက အိမ်တွေထဲ ၀င်မွှေနေခဲ့တာလို့ သိရပါတယ်။ သိုင်းငင်းရွာမှာ အိမ်ခြေ သုံးဆယ် ၀န်းကျင် ရှိပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်လွှတ်တော်မှ ပြည်နယ်ဝန်ကြီး ၇ ဦးကိုအတည်ပြု

ဧပြီ ၉ ၊ ၂၀၂၆Zalen ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ခေါ်ယူကျင်းပတဲ့ တတိယအကြိမ် ၊ ချင်းပြည်နယ် လွှတ်တော်အစည်းအဝေး၊ ပဉ္စမနေ့မှာ ပြည်နယ်ဝန်ကြီး ၇ ဦးကိုလွှတ်တော်က အတည်ပြုလိုက်တယ်လို့သိရပါ တယ်။ ...

ဆက်ဖတ်ရန်