ကနေဒီတောင်ပေါ် PDF Zolandက အလံလွှင့်တင်ပြီး တောင်ခြေမှာ တပ်စခန်းပြန်ချ

၂၃၊ ဇွန်၊ ၂၀၂၄။

Zalen

တီးတိန်မြို့နယ်၊ ကနေဒီတောင်ထိပ်ပေါ်မှာ PDF Zoland က ဒီမနက်တွင် ၎င်းတို့အလံလွှင့်တင်ပြီး နဂိုစခန်းချတဲ့ တောင်ခြေမှာပဲ တပ်ပြန်ချတယ်လို့ PDF Zoland တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

PDF Zoland တာဝန်ရှိသူတစ်ဦးက “ကနေဒီဖြစ်စဉ် ကျနော်တို့ PDF Zoland တပ်ဖွဲ့တွေက နိုဝင်ဘာ (၂၁)ရက်၊ ၂၀၂၃ မှာ သိမ်းထားတာဖြစ်တယ်။ အဲဒီနေရာကို ဇွန် ၂၁ ရက် မနက် ၃ နာရီလောက်မှာ စကစ တပ်တွေ တပ်ပြန်စွဲဖို့ လုပ်တဲ့ချိန်မှာ ပစ်ခတ်မှုတွေ ရှိတယ်။ ညနေပိုင်းမှာ သွားကြည့်တဲ့အချိန်မှာ စကစ တွေမရှိတော့ဘူး။ အဲဒါနဲ့ ဒီအတိုင်းထားလိုက်တဲ့အချိန်မှာ ဇွန် ၂၂ နေ့ကျမှ CNA လက်အောက်ခံ PDA တပ်တွေက ဘာပစ်ခတ်မှုမှမရှိပဲ ဒီအတိုင်းတက်ပြီး အလံသွားထောင်လိုက်တာပါ။ အဲဒါကို သိပြီးတော့ ဒီနေ့ ဇွန်၂၃ ရက် ကျတော့ PDF Zoland အဖွဲ့တွေက ကျန်တဲ့အလံတွေဖြုတ်ပြီး PDF Zoland အလံပြန်ထောင်တာဖြစ်တယ်။ သူတို့ (PDA) တွေမရှိဘူး။ တာဝန်ရှိတဲ့သူတွေကို မေးကြည့်တော့ သူတို့ကဒီအတိုင်းပဲအလံထောင်တာပါဆိုပြီးပြောသွားတယ်” လို့ပြောပါတယ်။

Zalen ad

တီးတိန်ကနေ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကနေဒီကနေ သိုင်းငင်းသို့ဆက်လက်စစ်ကြောင်းထိုးကာ အခု သိုင်းငင်းရွာကို မီးရှို့ပြီး ချင်းလဲန်းကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရတယ်။

သတင်း-EP

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်