တီးတိန်မြို့နယ်မှာ အသက်အပြည့်သေးသူ မိန်းကလေးတစ်ဦးကို စစ်ကောင်စီတပ်က အဓမ္မပြုကျင့်

၆၊ ဇူလိုင်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်းကြား မွှာလ်ပီးရွာမှာ ဇူလိုင်လ ၅ရက်နေ့က အသက်မပြည့်သေးတဲ့ မိန်းကလေး ငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေက အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၅ရက်နေ့မှာ ကလေးမြို့က‌နေ ချင်းတောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ မွှာပီးရွာမှာ နေရာယူထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

သူတို့ နေရာယူထားတဲ့ အနီးအနားက နေအိမ်ထဲ ၀င်ရောက်ကာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး ထွက်ပြေး လွတ်မြောက်ခဲ့ပေမယ့် မိန်းကလေးငယ်ကတော့ အဓမ္မပြုကျင်ခံခဲ့ရတာလို့ ဒေသခံဆီက သိရပါတယ်။

” စစ်ကြောင်းက အဲဒီ မိန်းကလေးရဲ့ အိမ်နားမှာ နေရာယူရပ်နားထားတယ်။ စစ်ကောင်စီတပ်တွေက အုပ်စုလိုက် အိမ်ထဲ ၀င်ပြီး အဓမ္မကျင့်ဖို့ လုပ်တာမှာ အမျိုးသမီးနှစ်ယောက်ကတော့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ပြေးလို့ လွှတ်သွားတာ။ အခု အကျင့်ခံရတဲ့ ကောင်မလေး ၁၅၊ ၁၆ အရွယ်ပဲ ရှိဦးမယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာလည်း တီးတိန်မြို့နယ် အာလွယ်ရွာမှာ ကိုယ်ဝန် ခုနစ်လရှိနေတဲ့ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးနဲ့ ကလေးမီးဖွားပြီးစ အသက် ၂၇ နှစ်အရွယ် နောက်ထပ် အမျိုးသမီးတစ်ဦးကိုလည်း အဲဒီရွာမှာ စခန်းချခဲ့တဲ့ တပ်မ – ၂၂ လက်အောက်ခံ စစ်သားတွေက အဓမ္မပြုကျင့်ခဲ့ကြပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ၁၁၆ ဦး အစုလိုက်အပြုံလိုက်သေဆုံး

မတ် ၁၁၊ ၂၀၂၆ Zalen ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်း အကျဥ်းစခန်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က ဒီနေ့ မတ်လ ...

ဆက်ဖတ်ရန်