ဖလမ်းမြို့သိမ်းဖို့ အေအေ တပ်ဖွဲ့ဝင်တွေ ဖလမ်းနယ်ထဲရောက်နေတယ်ဆိုတာ သတင်းမှားသာ ဖြစ်ဟု CNO/CNDFဆို

၁၇၊ဇူလိုင်လ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုသိမ်းပိုက်ဖို့ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များဟာ ဖလမ်းမြို့နယ်ထဲကိုရောက်ရှိ နေပြီလို့ ယခုရက်ပိုင်းအွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာဟာ သတင်းမှားသာဖြစ်တယ်လို့ CNO/CNDF ထံက သိရပါတယ်။

“ဒါကတော့ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးပြင်ဆင်မှုအပေါ်မှာတမင်သက်သက် အခြေအမြစ်မရှိဘဲနဲ့ စွပ်စွဲတာ ဘဲဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့လည်းဘာမှ စိုးရိမ်စရာမရှိပါဘူး။ သက်သက် ဝါဒဖြန့်ကြတာပဲဖြစ်တယ်။ သိမ်းမယ်ဆိုလည်း ကျွန်တော် တို့ပဲသိမ်းမှာပါ။”လို့ CNO/CNDF ပြောခွင့်ရ Salai Timmy က Zalen ကိုပြော ကြားခဲ့တာပါ။

Zalen ad

မနေ့ ဇူလိုင်လ ၁၆ ရက်မနက်ပိုင်းလောက်ကနေ စပြီး Facebook လူမှုကွန်ယက်စာမျက်နှာ ပေါ်မှာ သီးသန့် အကောင့်ဖြင့်ဖြစ်စေ Group နဲ့ Pages တို့ကနေ ဖလမ်းမြို့ကို သိမ်းဖို့ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များဟာ ဖလမ်းမြို့၊ လုံပီးနဲ့ ဆူရ်ဘုံလေဆိပ်တို့ကိုရောက်ရှိနေကြပြီလို့ သတင်းမှား ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် ရိခေါ်ဒါရ်မြို့ဘက်ပါ အေအေတွေသွားနေကြပြီဆိုတဲ့ သတင်းမှားတွေ ဖြန့်နေကြတာတွေ့ရပါတယ်။

အာရက္ခတပ်တော် AA ဟာ ချင်းညီနောင်များနဲ့ ပူးပေါင်းပြီး ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကို သိမ်းပိုက်ခဲ့သလို မတူပီမြို့ကိုလည်း သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်