မြန်မာနိုင်ငံဘက်ကို စက်သုံးဆီမရောင်းဖို့ လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးအမိန့်ထုတ်ပြန်

၁၇၊ ဇူလိုင်လ၊ ၂၀၂၄
Zalen

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲကနေ မြန်မာနိုင်ငံဘက်ကို စက်သုံးဆီများမရောင်းချဖို့ လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူး ချီမလားရှီဗားကိုပလ်ရတ်ဒီ (Cheemala Siva Gopal Reddy) က မနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ အမိန့်ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကစပြီး လောင်တလိုင်ခရိုင်ထဲက အကြီးဆုံးအရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုလိုင်လူငယ်အဖွဲ့အစည်း – CYLA မြန်မာနိုင်ငံဘက်ကို စက်သုံးဆီတင်သွင်းရောင်းချတဲ့ လမ်းမကြီးကို စတင်ပိတ်ပင်ခဲ့တာဖြစ်ပြီး အခုအခါ ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် တားမြစ်မိန့်ထုတ်ပြန်တာဖြစ်ပါတယ်။

အမိန့်ထုတ်ပြန်ချက်ထဲမှာ “ယခုရက်ပိုင်းအတွင်း လောင်တလိုင်ခရိုင်ထဲမှာ တရားမဝင် စက်သုံးဆီ ရောင်းဝယ် မှုတွေများနေတယ်။ ဒါကြောင့် ပြည်သူတွေဒုက္ခမရောက်ဖို့ ဒီကိစ္စနဲ့ ပက်သက်ပြီး အမိန့်ထုတ်ပြန် လိုက်တယ်။” လို့ အောက်ပါအတိုင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

Zalen ad

လောင်တလိုင်ခရိုင်ထဲမှာ ရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တိုင်းက အစိုးရသတ်မှတ်ပေးတဲ့ စျေးနှုန်းထက် ပိုမြင့်တဲ့ မှောင်ခိုစျေးကွက်ဖြင့် မရောင်းချဖို့၊ ပြည်သူများအနေနဲ့ ကိုယ်လိုတာထက်ပိုပြီး ပုံးအလိုက် ဆီဝယ် တာမျိုးမလုပ်ဖို့၊ စက်သုံးဆီများကို အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံအပါအဝင် တစ်ခြားဘယ်နိုင်ငံကိုမှ မရောင်းဖို့၊ လောင်တလိုင်ခရိုင်ထဲမှာ စက်သုံးဆီများ တရားမဝင် ရောင်းဝယ်၊တင်ဆောင်ခြင်းများ မလုပ်ဖို့ စတဲ့ အချက် ၄ ချက်ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ယခုအမိန့်ဟာ ထုတ်ပြန်တဲ့ရက်ကနေစပြီး ၂ လ အထိအကျူံးဝင်မှာဖြစ်ပြီး ဒီအမိန့် မလိုက်နာသူများကို ပုဒ်မ ( ၂၂၃ ) Bharrativa Navava Sanbiata, 2023 (BNS) အရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါ တယ်။

မြန်မာနိုင်ငံဘက်ကို စက်သုံးဆီများ မရောင်းချဖို့ကို လုံလေခရိုင် မြို့ပြထောက်ပံ့ရေးအရာရှိ (Lunglei District Civil Supply Offcier) က ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ တားမြစ်သလို ရှာဟာ ခရိုင် (Siaha District) အုပ်ချုပ်ရေးမှူး ဗီအဲလ် ဟရွဲဇဲလ်ဟာခီယာန်းသဲ (VL Hruaizela Khiangte) ကလည်း ပြီးခဲ့တဲ့ဇွန်လ ၂၈ ရက်နေ့မှာ အသီးသီးထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်