စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။

Zalen

ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။

၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ လမ်းပေါ်ကအရပ်သားထံ ပိုက်ဆံအတင်းတောင်းလာကြတယ်လို့သိရတယ်။

Zalen ad

ဇူလိုင် ၁၈ ရက်နေ့လည်၂ နာရီတွင် ကျမ်းစာကျောင်းဆင်းလာတဲ့ အမျိုးသမီးကို ဆိုင်ကယ်သုံးစီးဖြင့် စစ်ကောင်စီတပ်သားတွေကလိုက်ကာ သုံးသောင်းတောင်းပေမယ့်မရှိလို့ပိုက်ဆံအိတ်ထဲက ခုနစ်ထောင်လုယူသွားတယ်လို့ သိရတယ်။ ဒါ့ပြင်ဆိုင်ကယ်ပါလုယူဖို့ကြိုးစားပေမယ့် တောင်းပန်လို့ ဆိုင်ကယ်တော့ပြန်ပေးတယ်လို့ပြောပါတယ်။ 

အခုလို စစ်ကောင်စီတပ်က အတင်းပိုက်ဆံလုယူခံရတာဟာ ၄င်းတို့ကျောင်းမှာတင် ကျောင်းသူ၊သား ၇ယောက်လောက်ကကြုံတွေ့ပြီလို့ ၄င်းကပြောပါတယ်။ ကလေးမြို့ဒေသခံတစ်ဉီးက “

ခုတလော တောင်ဖီလာဘက်မှာ ခွေးတွေတအားသောင်းကြမ်းတယ်။ တွေ့သမျှလမ်းပေါ်ကလူတွေကိုရပ်ခိုင်းပြီး ငါးသောင်းကနေ နှစ်သိန်းထိတောင်းကြတယ်။ ကျောင်းဆရာမတစ်ယောက်လည်း နှစ်သိန်းတောင်းတယ်။ ကျမ ကျောင်းဆရာမပါလို့ပြောပေမယ့် မရဘူးဆိုပြီး နှစ်သိန်းမရရအောင်အတင်းတောင်းကြတယ်။ ခုတလောက ဖုန်းနဲ့ဆိုင်ကယ်စစ်ဆေးတာမရှိတော့ပေမယ့် ပိုက်ဆံတောင်းကြတယ်။ မရှိရင် အိမ်ထိသွားယူခိုင်းတယ်။ တချို့အိမ်တွေလည်း၀င်စစ်ပြီး ဆန်တစ်အိတ် နှစ်သောင်း ဒဏ်ကြေးဆောင်ခိုင်းတယ်”လို့ပြောပါတယ်။ 

ဇူလိုင် ၉ ရက်ကလည်း တောင်ဇလပ်ရပ်ကွက် အိမ်တစ်အိမ်မှာ စစ်ကောင်စီတပ်တွေ သုံး၀င်ရောက်ကာ အိမ်သားတွေကို ရိုက်နှိက်ကြတယ်လို့ ကာယကံရှင်ကပြောပါတယ်။

ယင်းနေ့မှာပဲ ဆည်မြောင်းရုံးအနီး အိမ်တစ်အိမ်သို့ စစ်ကောင်စီတွေ၀င်ကာ အမျိုးသားလာ၊ ဆိုင်ကယ်လာ ဘယ်ဟာရွေးမလဲလို့ အိမ်ရှင်မကိုမေးရာ ယောကျာ်းဖြစ်သူကလိုက်သွားဖို့ပြောပေမယ့် အိမ်ရှင်မက ဆိုင်ကယ်ပဲယူသွားပါလို့ပြောတာေကြာင့် စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်တစ်စီးနဲ့ ဖုန်းသုံးလုံးကိုလုယူသွားကြတယ်လို့သိရတယ်။

သတင်း- EP

နောက်ဆုံးရသတင်းများ

အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ၁၁၆ ဦး အစုလိုက်အပြုံလိုက်သေဆုံး

မတ် ၁၁၊ ၂၀၂၆ Zalen ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်း အကျဥ်းစခန်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က ဒီနေ့ မတ်လ ...

ဆက်ဖတ်ရန်