ZORO ဦးဆောင်မှုဖြင့် CNF နဲ့ ZRO တို့တွေ့ဆုံမယ်

၂၆၊ ဇူလိုင်လ၊ ၂၀၂၄

Zalen

မီဇိုရမ်အခြေစိုက် ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့ (Zo Re-unification Organization – ZORO) ရဲ့ကမ်းလှမ်းပေးမှုဖြင့် ချင်းအမျိုသားတပ်ဦး CNF/CNA နဲ့ ဇိုမီးတော်လှန်ရေးအဖွဲ့အစည်း ZRO/ZRA တို့ဇူလိုင်လ ၂၇ ရက်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ ဒေသတွင်းမီဒီယာဖြစ်တဲ့ Bengvarna သတင်းက ဇူလိုင်လ ၂၆ ရက်မှာဖော်ပြထားပါတယ်။

အဆိုပါအဖွဲ့အစည်းနှစ်ခုကြားမှာ ပြီးခဲ့တဲ့ မေလ ဆန်းပိုင်းမှာ အချင်းချင်းကြား ပွတ်တိုက်မှုတွေ၊ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့ပါတယ်။ဒါကိုနှစ်ဖက် စလုံးက တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ဖြေရှင်းရန်သဘောတူကြတာကြောင့် အိုင်ဇောလ်မြို့မှာရှိတဲ့ ZORO ဒုဥက္ကဋ္ဌ ရုံးခန်းမှာ ဇူလိုင်လ ၂၇ ရက် နေ့လယ် ၁၂ နာရီမှာ တွေ့ဆုံကြမယ်လို့သိရပါတယ်။

Zalen ad

ယခုလိုမျိုး ချင်းအဖွဲ့အစည်းနှစ်ခုကြား ငြိမ်းချမ်းရေးဆွေးနွေး နိုင်ရန်အတွက် ZORO အဖွဲ့က အဖွဲ့အစည်း တစ်ခုချင်းစီကို အရင်တွေ့ဆုံခဲ့တာဖြစ်ပြီး CNF နဲ့ ZRO တို့ကလည်းသဘောတူခဲ့တာကြောင့် ဒီလိုတွေ့ဆုံ ဆွေးနွေးပွဲဖြစ်လာတာပါ။

ZORO အဖွဲ့ဝင်ဖြစ်တဲ့ မီဇိုရမ်ဝန်ကြီးချုပ် ပူးလာလ်ဒုအောမ်မာ ကလည်း ပြီးခဲ့တဲ့ဇွန်လ ၂၈ ရက်မှာ ကျရောက် တဲ့ မီဇိုးတော်လှန်ရေးတပ်ဖွဲ့ MNF နဲ့ အန္ဒိယအစိုးရတို့ကြား ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်း ၃၈ နှစ်ပြည့် အခမ်းအနား မိန့်ခွန်းမှာ ချင်းလူမျိုးများအကုန်လုံး စည်းစည်းလုံးလုံးနေကြဖို့၊ မီဇိုရမ်အစိုးရကိုလည်း တစ်ယောက် တစ်ပေါက် လာမတွေ့ကြဖို့ ပြောဆိုထားပါတယ်။

ZORO ဟာ ဗြိသိသျှအစိုးရရဲ့နယ်မြေပိုင်းခြား မှုကြောင့် အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံတို့မှာ အသီးသီးနေထိုင်ကြတဲ့ ချင်း(ဇို) လူမျိုးများအားလုံး ပြန်လည်ပေါင်းစည်းကာ အုပ်ချုပ်မှုတစ်ခု အောက်ရှိနိုင်ဖို့ရည်မှန်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါ တယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်