သြစတြေးလျ နိုင်ငံအခြေစိုက် UMBC အသင်းတော်မှမတူပီမြို့နယ်စစ်ဘေးရှောင်များအတွက်ရိက္ခာများလှူဒါန်း

===================

၂၈ ၊ ဇူလိုင် ၊ ၂၀၂၄

Zalen

​သြစတြေးလျနိုင်ငံ၊ United Matu Baptist Church ( UMBC) အသင်းတော်က မတူပီမြို့နယ်စစ်ဘေးရှောင်ပြည်သူများအတွက်လိုအပ်တဲ့ စားနပ်ရိက္ခာများလှူဒါန်းပေးတယ်လို့စစ်ဘေးရှောင်တွေထံမှသိရပါတယ်။

Zalen ad

UMBC မှ မတူပီမြို့နယ် ၊လာလွီးရွာမှ စစ်ဘေးရှောင်နေတဲ့ ပြည်သူများအတွက် ကျပ်သိန်း ၆၀ လှူဒါန်းထားပြီး ဇူလိုင် ၂၈ ရက်နေ့တွင် စစ်ဘေးရှောင် အိမ်ထောင်စုအလိုက် စားဆီ၊ ဆပ်ပြာတောင့် ၊ ဆန်၊ ဆား နဲ့ ငွေသားအားဖြင့် အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့မှ မျှဝေပေးကြတယ်လို့သိရပါတယ်။

” ကျွန်တော်တို့ လာလွီးရွာမှာက မြို့ပေါ်နဲ့ ဝလံပီး ၊ ကလား ၊ ဝလံတဲ ၊ လေဆင်းရွာက စစ်ဘေးရှောင်တွေရှိပါတယ်။ အခုလှူဒါန်းတာလည်း ဆီ၊ ဆား ၊ ဆန် နဲ့ အိမ်ထောင်စုအလိုက်ငွေသားနဲ့ပေးကြပါတယ်”လို့ စစ်ဘေးရှောင်ပြည်သူ တစ်ဦးက ပြောပါတယ်။

မတူပီမြို့နယ် လာလွီးကျေးရွာတွင် စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၅၀ ကျော်ရှိနေပြီး လူဦးရေ ၃၀၀ ကျော် လာရောက်ခိုလှုံစစ်ဘေးရှောင်နေကြတယ်လို့သိရပါတယ်။

သတင်း-သမိုင်းသစ်

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်