ရူပီး ၆၁ မီလျံကျော် တန်ဖိုးရှိ စိတ်ကြွဆေးဖမ်းမိပေမယ့် တရားခံ လွတ်မြောက်နေ

၂၉၊ ဇူလိုင်လ၊ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် နဲ့ မြန်မာနိုင်ငံ နယ်စပ် တီအိုချောင်းမှာ အမည်မသိ လူတစ်ဦး သယ်ဆောင်လာတဲ့ ရူပီး ၆၁ မီလျံကျော်တန်ဖိုးရှိ Crystal Mathamphetamine စိတ်ကြွဆေး ကို ဇူလိုင်လ ၂၇ ရက် စနေနေ့ညမှာ ဖမ်းဆီးခဲ့ပေမယ့် တရားခံကတော့ မြန်မာဘက်ခြမ်းကို ထွက်ပြေးလွတ်မြောက်ခဲ့တယ် လို့သိရပါတယ်။

မီဇိုရမ်၊ ဇိုခေါသာရ်ရွာ ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ် ပူးပေါင်းတပ်တို့ဟာပြီးခဲ့တဲ့ စနေနေ့ည ၁၁ နာရီခွဲဝန်းကျင်မှာ နယ်စပ် တီအိုချောင်းမှာ အမည်မသိလူတစ်ဦးကို ပစ္စည်းများသယ်ဆောင်လျက်တွေ့ရှိခဲ့ပြီး ရပ်တန့်စေခဲ့ကာ အဆိုပါ လူက သူသယ်ဆောင်လာတဲ့ ပစ္စည်းများကို ထားခဲ့ပြီးမြန်မာဘက်ကို ကိုယ်လွတ်ရုန်းခဲ့တယ်လို့ သိရပါတယ်။

Zalen ad

တရားခံ ချန်ခဲ့တဲ့ ပစ္စည်းများကို တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ Crystal Methamphetamines စိတ်ကြွဆေး များဖြစ်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။ယင်း စိတ်ကြွဆေးဟာ အလေးချိန်အားဖြင့် ၂၀.၆၆၅ ကီလိုဂရမ် ရှိပြီး နိုင်ငံတစ်ကာစျေးကွက်အရ ရူပီး ၆၁.၉၉ မီလျံ တန်ဖိုးရှိတယ်လို့သိရပါတယ်။

အဆိုပါဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားများကို ကျန်ဖိုင်ခရိုင်တရားရုံးကို လွှဲပြောင်းပေးခဲ့ပြီး စိတ်ကိုပြောင်းလဲ စေနိုင်သော ဆေးဝါးများအက်ဥပဒေ ၁၉၈၅၊ ပုဒ်မ (ဂ) အရ ဇိုခေါသာရ် ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရ ပါတယ်။

နယ်စပ်မှာရှိတဲ့ CDF-Hualngoram ကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အလေးထားဆောင်ရွက် လျက်ရှိပြီး ပြီးခဲ့တဲ့ မေလ ကနေ ဇူလိုင်လ အတွင်း မီဇိုရမ်ဘက်ကိုတင်သွင်းမယ့် မူးယစ်ဆေးဝါးအများအပြား ကိုဖမ်းဆီးခဲ့ကာ ဇူလိုင်လ ၂၇ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

သတင်း – Mikey

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်