ဩစတြေးလျနိုင်ငံက ချင်းအသင်းတော်တစ်ပါး ပိတ်လိုက်ရ

၂၉၊ဇူလိုင်လ၊၂၀၂၄

Zalen

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ အခြေစိုက်တဲ့ ချင်းခရစ်ယာန်အသင်းတော် (Chin Christian Church – Melbourne – CCCM) ဟာ ဇူလိုင်လ ၂၈ ရက်ကစလို့ အပြီးပိုင် ပိတ်လိုက်ရတယ်လို့ သိရပါတယ်။

CCCM အသင်းတော်ဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ဧပြီလ ၂၂ ရက်မှာစတင် တည်ထောင်ခဲ့တာဖြစ်ပြီး ၁၇ နှစ် နဲ့ ၃ လ အကြာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်မှာ ပိတ်လိုက်ရတာဖြစ်ပါတယ်။ယင်းအသင်းတော်မှာ အသင်းသူ၊သား ၃၀၀ ကျော်ရှိခဲ့ပြီး ယုံကြည်အားထားရတဲ့ အသင်းတော်ဖြစ်ခဲ့သလို လူငယ်တွေအပါအဝင် အသင်းသူအသင်းသားများလည်း တက်ကြွတဲ့ အသင်းတော်ဖြစ်ခဲ့တယ်။

Zalen ad

CCCM အသင်းတော်ဟာ ဗစ်တိုးရီးယား နှစ်ခြင်းခရစ်ယာန် သမဂ္ဂ (Baptist Union of Victoria – BUV)၊ ချင်းခရစ်ယာန်ကောင်စီ ဩစတြေးလျ (Chin Christian Council Australia – CCCA ) နဲ့ အရှေ့မဲလ်ဘုန်း ခရစ်ယာန် မိတ်သဟာရ အဖွဲ့( Nichuah Melbourne Khrihfabu Hawikomhnak – NMKF) စတဲ့ အဖွဲ့အစည်း များနဲ့လည်း လက်တွဲခဲ့တဲ့ အသင်းတော်ဖြစ်ပါတယ်။

အဆိုပါအသင်းတော်ဟာ ဘာကြောင့် ယခုလိုပိတ်သွားရတာလဲ ဆိုတာနဲ့ပက်သက်ပြီး ပြည်ပရောက် ချင်းလူမျိုး၊ ချင်းအသင်းတော်များအနေနဲ့ CCCM ပိတ် လိုက်ရခြင်းကို သင်ခန်းစာယူသင့်ကြောင်း၊ အသင်းတော်ဆိုတာဘာလဲ၊ အသင်းတော်ရဲ့ တစ်ကယ့်ပန်းတိုင် က ဘာလဲ၊ အသင်းတော်ကို ဘယ်သူက ဦးဆောင်သင့်လဲ၊ သင်းအုပ်ဆရာ အတွက်ဘယ်လိုလူမျိုးကို ရွေးခန့် သင့်လဲ အသင်းတော်ဝင်တွေက မိမိရဲ့ သင်းအုပ်ဆရာတွေကို ဘယ်လိုစောင့်ရှောက်မလဲ စတဲ့အချက်တွေ အပါ် သင်ခန်းစာယူသင့်ကြောင်း ဖော်ပြထားပါတယ်။

ယခုအသင်းတော် ပိတ်လိုက်တဲ့ အချိန်မှာ အသင်းတော်ဝင် မိသားစု ၇ စု နဲ့ လူဦးရေ ၂၇ ဦးသာကျန်ရှိပြီး ယခုလို အသင်းတော်ပိတ်လိုက်ပြီးနောက် ကိုယ်နဲ့နီးစပ်ရာ တစ်ခြားအသင်းတော်တွေထဲ ဝင်ခဲ့ကြတယ်လို့ လည်း သိရပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်