တမူးမြို့မှာ ကော်သေနတ်နဲ့ ဓားပြတိုက်လို့ ဆွဲကြိုး တစ်ကုံးနဲ့ နာကပ် တစ်ရံ လုယူခံရ

၁၉၊ ဩဂုတ် ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူး မြို့မ ရပ်ကွက်မှာ ဩဂုတ်လ ၁၄ ရက်နေ့ညက အမည်မသိ လူနှစ်ယောက်မှ ကော်သေနတ်နဲ့ ဓားပြ ဝင်တိုက်ခဲ့ရာ ဆွဲကြိုး တစ်ကုံးနဲ့ နာကပ် တစ်ရံ လုယူ ခံရတယ်လို့ ဒေသခံများက ပြောပါတယ်။

” ဓားပြတိုက်ခံရတာည ၉နာရီလောက်မှာပါ။ ဆွဲကြိုးနဲ့ နားကပ် လုယူ သွားတာ။ နောက်နေ့မှာ သူ တို့နှစ်ယောက်ထဲက တစ်ယောက်ကို ဖမ်းမိမှ သူတို့ ကိုင်ဆောင် ထားတာ ကော်သေနတ်မှန်း သိရတာပါ။ တစ်ယောက်ကတော့ လွတ်မြောက်သွားပြီ” လို့ ၎င်းတို့နဲ့ နီးစပ်သူက Zalen ကိုပြောပါတယ်။

Zalen ad

အခုလို ဓားပြတိုက်ခဲ့တဲ့ နှစ်ယောက်ဟာ ပျူစောထီး ခေါင်းဆောင် ပန်းချီချမ်းမြေ့ရဲ့ တပည့် ဖြစ်ပြီး ပျူစောထီးအဖွဲ့ကနေ ထုတ်ပယ်ခံရတာ ကြာပြီလို့သိရပြီး ၎င်းတို့ နှစ်ဦးထဲက တစ်ယောက်ကို ပျူစောထီးအဖွဲ့ကပဲ ဖမ်းဆီးထားတာလို့ ဒေသခံများ ပြောပြချက် အရသိရပါတယ်။

တဘက်မှာ ပျူစေားထီးအဖွဲ့ထဲက ထုတ်ပယ်ခံရတဲ့ ပျူစောထီး နှစ်ဦးက ဓားပြတိုက်တာလို့ နာမည်ထွက်နေပေမယ့် ‌ပျူစောထီး အများစုကတော့ ဒေသခံများရဲ့ နေအိမ်များကို မကြာခဏ ဆိုသလို ညအချိန်မတော် ဝင်ရောက်ဆီးနင်း ဓားပြတိုက် သောင်းကြမ်း လုယူနေကြတာလို့ ဒေသခံများက ပြောပါတယ်

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ၁၁၆ ဦး အစုလိုက်အပြုံလိုက်သေဆုံး

မတ် ၁၁၊ ၂၀၂၆ Zalen ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်း အကျဥ်းစခန်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က ဒီနေ့ မတ်လ ...

ဆက်ဖတ်ရန်