မီဇိုရမ်မှာ ချင်းစစ်ဘေးရှောင်တစ်ဦးအလောင်းကောက်ရ

၂၇၊ဩဂုတ်၊၂၀၂၄

Zalen

မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မောင်းဘုတ် (Maubawk) ရပ်ကွက်နားရှိ ဇောန်းကောတ်ချောင်း (Zawgkawt)မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့ကနေ စစ်ဘေးရှောင်လာသူတစ်ဦး ရဲ့ ရုပ်အလောင်းကိုကောက်ရထား တယ် လို့ ဒေသတွင်းသတင်းရဲ့ ဖော်ပြချက်အရသိရပါတယ်။

အဆိုပါအလောင်းကို ပြီးခဲ့တဲ့ဩဂုတ်လ ၂၄ ရက်၊စနေနေ့ညပိုင်းကတည်းက တွေ့ရှိခဲ့ပေမယ့် မနေ့ဩဂုတ်လ ၂၆ ည ၁၁ နာရီဝန်းကျင်မှာပဲ ဖလမ်းမြို့နယ်ကနေ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်လာသူ ဦးခန်သင် (Pu Khan Tin) အသက် ၄၂ နှစ်ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

Zalen ad

Maubawk YMA ရဲထုတ်ပြန်ချက်ထဲမှာ အိုင်ဇောလ်မြို့၊ Nursery ရပ်ကွက်မှာနေထိုင်သူ Pi Tlanzeli က အဆိုပါ ချောင်းဘက်ကိုသွားတဲ့လမ်းဘေးမှာ အဝတ်အစားတွေထုတ်ပိုးထားတဲ့အိတ်ကို ပြီးခဲ့တဲ့ သောကြာနေ့ ကတည်းက တွေ့ရှိခဲ့ပြီး ဩဂုတ် ၂၆ ရက်နေ့တိုင် တွေ့ရှိတဲ့နေရာမှာရှိနေကြောင်း Maubawk YMA ထံအကြောင်းကြားခဲ့ပြီး ရဲစခန်းကိုအသိပေးထားပါတယ်။

ရဲတာဝန်ရှိသူများက အဆိုပါအိတ်ထဲကိုစစ်ဆေးပြီး နောက် ဖုန်းနံပါတ်ရေးမှတ်ထားတဲ့ဟာကို လိုက်လံဖုန်းဆက်ပြီးနောက် သေဆုံးသူကိုအတည်ပြုနိုင်ခဲ့တာဖြစ် ပါတယ်။

ဩဂုတ်လ ၂၄ ကတည်းကတွေ့ရှိခဲ့ပြီဖြစ်တဲ့ အဆိုပါအလောင်းကို မည်သူမှန်းမသိခင် အထိ အိုင်ဇောလ်မြို့ ပြည်သူ့ဆေးရုံမှာရင်ခွဲစစ်ဆေးတာတွေပြုလုပ်ပြီး ထားရှိခဲ့တာဖြစ်ပါတယ်။

ဦးခန်သင် (Pu Khan Tin) သေဆုံးရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်လို့ အိုင်ဇောလ်မြို့ရှိ ချင်းလူမှုရေးအသင်းများထံ Zalen ကဆက်သွယ်မေးမြန်းပေမယ့် သီးခြားအတည်ပြု နိုင်တာမရှိသေးပါ။

ဦးခန်သင် (Pu Khan Tin) ရဲ့ရုပ်အလောင်းကို ဒီကနေ့ဩဂုတ် ၂၇ ရက်မှာ ပြည်သူ့ဆေးရုံ ကနေ သုသာန်ကိုတိုက်ရိုက်ပို့ဆောင်ပြီး မြေမြှုပ်သဂြိုလ်ခဲ့တယ်လို့သိရပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

မီဇိုရမ်မှာ ယခုနှစ် ခြောက်လအတွင်း မူးယစ်ဆေးကြောင့် ၂၆ ဦး၊ အရက်ကြောင့် ၁၈ ဦး သေဆုံး

ဇွန်၂၉ ၊ ၂၀၂၆Zalen မီဇိုရမ်ပြည်နယ်မှာ ၂၀၂၆ ခုနှစ်အစကနေ ဇွန် ၂၄ ရက်အထိ ခြောက်လနီးပါးအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဆက်နွယ်ပြီး လူ ၂၆ ဦး သေဆုံးခဲ့သလို၊ အရက်သောက်သုံးမှုနဲ့ ဆက်နွယ်ပြီးလည်း လူ ၁၈ ...

ဆက်ဖတ်ရန်