အမေရိကန် ချင်းခရစ်ယာန်အဖွဲ့အစည်းဖြစ်တဲ့ CBANA နဲ့ CBCUSA တို့ တွေ့ဆုံ

စက်တင်ဘာ ၆၊ ၂၀၂၄။

Zalen

အမေရိကန်နိုင်ငံရောက် ဖလမ်းနဲ့ ဟားခါး ချင်းခရစ်ယာန်အဖွဲ့အစည်းဖြစ်တဲ့ CBANA နဲ့ CBCUSA ကိုယ်စားလှယ်တွေဟာ စက်တင်ဘာ ၄ ရက်နဲ့ ၅ ရက်ထိ အင်ဒီယာနာပိုလစ်မြို့တွင် တွေ့ဆုံကြတယ်လို့ သတင်းရရှိပါတယ်။

ဖလမ်းခရစ်ယာန်အဖွဲ့အစည်းဖြစ်တဲ့ CBANA နဲ့ ဟားခါး ခရစ်ယာန်အဖွဲ့အစည်းဖြစ်တဲ့ CBCUSA တို့က Chin Peace and Reconsolidation Initiative (ချင်း ငြိမ်းချမ်းရေးနှင့် ပြန်လည် စည်းလုံးညီညွတ်ရေး)ကိုဖွဲ့စည်းပြီး ယခုနှစ်မတ်လတွင် လုပ်ငန်းစတင်ဆောင်ရွက်ကြပါတယ်။

Zalen ad

ယင်းအဖွဲ့တွင် ကိုယ်စားလှယ် ခုနစ်ယောက်ဆီစေလွတ်ကြပါတယ်။ အခု အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၂ ဦးတက်ရောက်လာပါတယ်။

ယင်းတွေ့ဆုံပွဲတွင် အဓိကဆွေးနွေးခဲ့တာကတော့ အမေရိကန်နိုင်ငံရှိ ချင်းခရစ်ယာန်အဖွဲ့အစည်းများအားလုံးပါဝင်တဲ့ အစည်းအဝေးတစ်ခု အမြန်ဆုံးကျင်းပရန်နဲ့ ချင်းတော်လှန်ရေးလက်နက်များ တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်ပေးရန်တို့ဖြစ်ပါတယ်။

သတင်း-Victor

နောက်ဆုံးရသတင်းများ

ဖလမ်းနဲ့ဟားခါးမြို့နယ်ထဲကကျေးရွာများကို စစ်တပ်ဗုံးကြဲ

ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၆Zalen ဖလမ်းနဲ့ဟားခါးမြို့နယ်ထဲကကျေးရွာများကိုစစ်တပ်ဗုံးကြဲ ၁၉ ၊ ဖေဖော်ဝါရီလ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ၊ ကျင်ခွါကျေးရွာ ( Cinkhua ) ၊ ဇိုခွါကျေးရွာ (Zokhua) နဲ့ ...

ဆက်ဖတ်ရန်