မင်းတပ်မြို့နယ်တွင် စစ်ကောင်စီကတိုက်ပွဲမရှိဘဲလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်

၆ ၊ စက်တင်ဘာလ ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တိုက်နယ်အမှတ် ၄ ရှိ ရှိမ်းကျေးရွာကို ဒီကနေ့မနက်အစောပိုင်း ၂နာရီခွဲ၀န်းကျင်မှာ စစ်ကောင်စီကလေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါလေကြောင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီး ၅လုံးထက်မနည်းကြဲပြီး တိုက်ခိုက်တာကြောင့်အရပ်သားတစ်ဦး‌ ခြေ ထောက်ဒဏ်ရာရတယ်လို့ကြားရ‌တယ်။ ထိခိုက်ပျက်စီးမှုစာရင်းကတော့ ဆက်သွယ်ရေး အခက်အခဲများကြောင့်အသေး စိတ်မသိရသေးပါ။

Zalen ad

“မနက်အစောကြီးလာပစ်သွားတာ၊အများကြီးပဲ ကြဲတာ။ ၅ချက်ကျော်မှာ။ ဖုန်းလိုင်းတွေပြတ်နေတော့အ ဆက်အသွယ်မရနိုင်ဘူး။ လူတစ်ယောက်ခြေထောက်ထိတယ်လို့တော့‌ ပြောကြတယ်။ ကျွန်မတို့လည်းရှောင်နေရတာ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက Zalen ကိုပြောပါတယ်။

မင်းတပ်မြို့ပေါ်မှာ တပ်စွဲနေထိုင်ကြတဲ့ ခလရ ၂၇၄ တပ်ရင်းကို စစ်ကောင်စီက ရိက္ခာအင်အားတွေအ ဆက်မပြတ်ဖြည့်တင်းနေသလို၊ လေကြောင်းတိုက် ခိုက်မှုတွေလည်းဆက်တိုက်ပြုလုပ်နေတယ် လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ နဲ့ အခု စက်တင်ဘာလ ၆ရက်နေ့အထိ စစ်ကောင်စီလေးကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်းရှိခဲ့ပြီး လူနေအိမ်၊ဘာသာရေးအ ဆောက်အဦး၊ စာသင်ကျောင်း များ ပျက်စီးခဲ့တာဖြစ်ပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်