ပလက်ဝမှာ စက်လှေအချင်းချင်း မတော်တဆ တိုက်ခိုက်မူဖြစ်လို့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

စက်တင်ဘာလ ၉ရက်၊၂၀၂၄။

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ လေးမြိုမြစ်ရေမှာ စက်လှေ အချင်းချင်း မတော်တဆ တိုက်ခိုက်မှုဖြစ်လို့ ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Zalen ad

စက်တင်ဘာ ၆ရက်နေ့က မိသားစုတွေနဲ့အတူ ဆွေမျိုးတွေရှိတဲ့ ကိုဖေကြီးကျေးရွာကို ဟွန်ဒါစက်လှေဖြင့် သွားရောက်စဥ် ရှေ့ကနေ မောင်းနင်းလာတဲ့ စစ်လှေတစ်စီးက မတော်တဆ တိုက်မိသွားတာလို့ သိရပါတယ်။

“ဝင်တိုက်တဲ့ စက်လှေက ကြီးတော့ ဟွန်ဒါစက်လှေက မှောက်ကုန်တာ။ လူကြီးတွေက ဘာမှမဖြစ်ဘူး။ ကလေးကတော့ ရေမကူးတတ်တော့ ကယ်ဖို့အချိန်မရလိုက်ဘူး။ ရေနစ်ပြီး ဆုံးသွားတယ်။ အလောင်းတော့ပြန်ရတယ်။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရေနစ်သေဆုံးတဲ့ ကလေးငယ်ဟာ ကျေးတောကျေးရွာက အသက် (၈) နှစ်ဝန်းကျင် ဆလိုင်းမားလုံ သိရပါတယ်။

အဲ့ဒီ ယာဉ်တိုက်မှုကျူးလွန်တဲ့သူဟာ ပလက်ဝမြို့နယ်၊ အောက်ချိုင်းစကျေးရွာက ဖြစ်ပြီး လက်ရှိသူကို CDF(Daai) ဖမ်းဆီးထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

ပြစ်မူကျူးလွန်သူကို ဘယ်လိုမျိုးအရေးယူ ဆောင်ရွက်သွားမလဲဆိုတာ သိရဖို့ CDF(Daai)ကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါ။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်