သုံးနှစ်အတွင်း နေအိမ် တစ်သိန်းကျော် မီးရှို့ခံရ

၁၁၊ စက်တင်ဘာ၊ ၂၀၂၄
Zalen

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတစ်၀န်းက နေအိမ် တစ်သိန်းကျော် မီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar က စက်တင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ပါတယ်။

မီးရှို့ခံရတဲ့နေအိမ်တွေထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ၇၃၀၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ခုနှစ်လအတွင်းမှာလည်း နေအိမ် ၂၁၀၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Zalen ad

အဲဒီထဲမှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့အပါအ၀င် ကောလင်း၊ မုံရွာ၊ ဘူးသီးတောင်နဲ့ မြင်းခြံ မြို့နယ်တွေက နေအိမ်တွေ အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ကလေးမြို့နယ် မြောက်ပိုင်းက ကျေးရွာ ဆယ်ရွာထက်မနည်းမှာ စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးထားပါတယ်။

” အိမ်တိုင်လုံးတောင် မကျန်ပါဘူး၊ အခုတော့ အိမ်လေး မီးထဲပါလို့ မြို့ပေါ်အိမ်ငှားပြီးနေရတာပေါ့။ အိမ်တစ်လုံးရဖို့ ဆိုတာ၊ မလွယ်ပါဘူး။ အခုဈေးတွေနဲ့ ဆို ပိုဆိုးပေါ့။ ” ကလေးဒေသခံတစ်ဦးက ပြောပါတယ်။

နှစ်စဉ်မီးရှို့ခံရတာ များလေ့ရှိတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ်အပြင် အခု ၂၀၂၄ ခုနှစ်ထဲမှာတော့ ရခိုင်ပြည်နယ်မှာလည်း မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ်မှာ အရပ်သားနေအိမ် ၂၁၁၁ လုံး၊ ၂၀၂၂ ခုနှစ်မှာ ၄၆,၈၅၆ လုံး၊ ၂၀၂၃ ခုနှစ်မှာ ၃၁,၄၈၄ လုံး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ထဲတွင် အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီ

ဧပြီ ၂၉၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က စစ်ကောင်စီဟာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေထံမှ ဖလမ်းမြို့ကို ပြန်လည်ရယူသွားပြီးနောက် ၎င်းတို့ အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ စစ်ကောင်စီဟာ ဖလမ်းမြို့ပြန်လည်ရရှိပြီးနောက် ...

ဆက်ဖတ်ရန်