မလေးရှားမှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို (ခမီ) အမျိုးသားနှစ်ဦး သေဆုံး

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄။

Zalen

မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ Raub မြို့မှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို့ (ခမီ) အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူ ချင်းအမျိုးသားတစ်ဦးဆီက သိရပါတယ်။

ဖြစ်စဥ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေက ဆိုင်ကယ် မောင်းနှင်းလာတဲ့ မြို(ခမီ) အမျိုးသား နှစ်ဦးကို နောက်မှမောင်းနှင်းလာတဲ့ ကားက မတော်တဆ တိုက်မိခြင်းဖြစ်ပါတယ်။

Zalen ad

သေဆုံးတဲ့သူတွေဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ မင်းတုန်းကျေးရွာက မောင်ဇော်လင်းထွန်းနဲ့ ထားပေါကျေးရွာက မောင်ဇော်လင်းတို့ သိရပါတယ်။

“နာရေးကိုတော့ ကျွန်တော်နဲ့ မြို (ခမီ)ခေါင်းဆောင် ဆရာတို့က သဂြိုလ်နိုင်ရေးအတွက် Raub ရဲစခန်း၊ Raub ဆေးရုံသွားပြီး အထောက်အထားတွေ ဆောင်ရွက်ပေးတယ်။”လို့ လူမူကူညီရေးဆောင်ရွက်နေတဲ့ ချင်းအမျိုးသားတစ်ဦးက ဆိုပါတယ်။

မလေးရှားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့ကလည်း ကားမတော်တဆမူကြောင့် ပလက်ဝမြို့နယ်မှ ခူမီး(ချင်း) အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ၁၁၆ ဦး အစုလိုက်အပြုံလိုက်သေဆုံး

မတ် ၁၁၊ ၂၀၂၆ Zalen ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်း အကျဥ်းစခန်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က ဒီနေ့ မတ်လ ...

ဆက်ဖတ်ရန်