သုံးနှစ်ကျော်အတွင်း နေအိမ်အပါအ၀င် ပိုင်ဆိုင်မှု တစ်ထောင်ကျော် ချိပ်ပိတ်သိမ်းဆည်းခံရ

၂၈၊ စက်တင်ဘာ၊ ၂၀၂၄

Zalen

အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ အပါအ၀င် ပိုင်ဆိုင်မှု ၁၀၁၄ ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ NLD ပါတီက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၁၉၉ ဦး၊ ပါတီဝင် ၂၅၀ ဦး၊ အရပ်သား၃၃၄ ဦး စုစုပေါင်း ၈၃၃ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ပါ၀င်တယ်လို့ ဆိုပါတယ်။

Zalen ad

ဆုံးရှုံးနစ်နာခဲ့ရတဲ့ ပိုင်ဆိုင်မှုတွေထဲမှာတော့ အိမ်နဲ့ ခြံက ၈၂၆ ခု၊ လုပ်ငန်းပိုင်ဆိုင်မှုတွေက ၁၃၅ ခုနဲ့ ယာဉ်အစီးရေ ၅၃ စီးပါဝင်တယ်လို့ NLD ရဲ့ လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) က ဖော်ပြပါတယ်။

NLD ပါတီရဲ့ ရုံးချုပ်၊ မြို့နယ်ရုံး၊ ကျေးရွာရုံးတွေ ၁၆၅ ကြိမ်အထိ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်‌ကြောင့် NLD ပါတီဝင် ၁၀၇ ဦးသတ်ဖြတ်ခံခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ် ၅၇ နဲ့ NLD ပါတီဝင် ၁၅၄၄ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ HRDT-NLD ရဲ့ စာရင်းတွေမှာ ဖော်ပြထား ပါတယ်။

နေညို

နောက်ဆုံးရသတင်းများ

အီရန်စစ်ပွဲကြောင့် ကွန်ဒုံးဈေးနှုန်းတွေ မြင့်တက်လာနိုင်ခြေရှိ

ဧပြီ ၂၂၊ ၂၀၂၆Zalen အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေ ဆက်လက် အနှောင့်အယှက်ဖြစ်ပေါ်နေပါက ဘေးကင်းလုံခြုံ လိင်ဆက်ဆံမှုအတွက် ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့အကြီးဆုံး ကွန်ဒုံး ထုတ်လုပ်သူ Karex ကုမ္ပဏီ ရဲ့ CEO ...

ဆက်ဖတ်ရန်