ထန်တလန်မြို့တွင်း စစ်ကောင်စီတပ်စခန်းတစ်ခုသိမ်းပိုက်၊ စခန်းနှစ်ခုကျန်ရှိသေး

၇၊ အောက်တိုဘာလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအခိုင်အမာတပ်စွဲထားတဲ့ CB ဘဏ်ကို ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်လိုက်တယ် လို့ CDF-Thantlang တာဝန်ရှိသူထံကသိရပါတယ်။

ထန်တလန်မြို့၊ စျေးရပ်ကွက်နဲ့ ဇုန်မွှန်ရပ်ကွက် အစပ်မှာရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ CB ဘဏ်ကို ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့မွန်းလွဲပိုင်းကနေထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ညနေ ၂ နာရီဝန်းကျင်မှာအပြီးသိမ်းပိုက်နိုင်ခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိပြီး လက်နက်ခဲယမ်းများလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။

Zalen ad

“ဒီနေ့ညနေပိုင်း ၁ နာရီ ၁၅ မိနစ်လောက်ကနေ ထိုးစစ်ဆင်တာပေါ့နော်။ ဒီလိုနဲ့ ၂ နာရီလောက်မှာအပြီးသတ် သိမ်းပိုက်နိုင်တာပေါ့။အကြမ်းဖက်စစ်ကောင်စီတွေရဲ့ အလောင်းတွေလည်းရသလို လက်နက်ခဲယမ်းတွေ လည်းရထားတာရှိတယ်။ အတိအကျတော့ပြောလို့အဆင်မပြေသေးဘူးပေါ့နော်။ကျွန်တော်တို့ဘက်ကနေ အထိအခိုက်မရှိပဲသိမ်းပိုက်နိုင်ခဲ့တာပါ။” လို့ချင်းပြည်ကောင်စီတပ်ဖွဲ့ ဝင် CDF-Thantlang ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်း ခမ့်ပဲက်ခ့် ( Salai Khamh Pek) ကZalen ကိုပြောပါတယ်။

လက်ရှိအချိန်မှာ ထန်တလန်မြို့တွင်း နှစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆက်လက်တပ်စွဲ ထားတယ်လို့သိရပြီး စခန်းအားလုံးသိမ်းပိုက်နိုင်ဖို့ ပြင်ဆင်လျက်ရှိတယ်လို့သိပါတယ်။

“အခုက သူတို့အခြေချတဲ့နေရာက NLD ရုံးရယ် ရဲစခန်းရယ်နှစ်နေရာပဲကျန်တော့တယ်ဆိုတော့ အခြေအနေ ပေါ်မူတည်ပြီးတော့ ကျွန်တော်တို့မသိမ်းမချင်းမရပ်တန့်ဘဲနဲ့ဆက်လက်ဆောင်ရွက်သွားဖို့ပြင်ဆင်ထားပါ တယ်။ ထန်တလန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်တဲ့နေရာမှာ အဓိကကူညီပံ့ပူးပေးတဲ့ ပြည်သူ များအားလုံး အနေနဲ့ ဆက်လက်ကူညီပေးကြပါ။ ကျွန်တော်တို့အနေနဲ့ ထန်တလန်မြို့ကို အများပြည်သူ လက်ထဲမအပ်နိုင်ခင်အထိ လုံးဝလက်လျှော့သွားမှာမဟုတ်ပါဘူးဆိုတာ ပြောချင်တယ်” လို့ Salai Khamh Pek ကဆိုပါတယ်။

ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်များဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်ကနေစပြီး ထန်တလန်မြို့သိမ်းတိုက်ပွဲ ကို စတင်ခဲ့တာဖြစ်ပြီး ယခုဆိုရင် ရက်ပေါင်း ၇၀ ကျော်လာပြီဖြစ်ကာ ထန်တလန်-ဟားခါးကြားက စစ်ကောင်စီ စခန်းများအပါအဝင် ထန်တလန်မြို့ထဲက ခလရ ၂၆၉ တပ်ကုန်း၊ Lai Villa တည်းခိုခန်း နဲ့ အခု CB ဘဏ်တို့ ကိုသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

အိန္ဒိယနိုင်ငံ နယူး​ဒေလီရှိ မြန်မာချင်းဒုက္ခသည်အများစုနေထိုင်တဲ့ Sitapuri ရပ်ကွက်တွင် က​လေးခိုး ယူဖို့ကြိုးစားမှုထပ်မံဖြစ်ပွား

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။ Zalen အိန္ဒိယနိုင်ငံ New Delhi မြို့၊ Janakpuri west ရှိ  မြန်မာချင်းဒုက္ခသည်အများစုနေထိုင်တဲ့ Sitapuri Part-1 အနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ရက် ည ၇း၃၀နာရီအချိန်ခန့်က ...

ဆက်ဖတ်ရန်