ဆမီးမှာအမျိုးသား ၅ဦးကို CDF (ပလက်ဝ) ထောက်ပံ့စွပ်စွဲမူနဲ့ အေအေ ဖမ်းဆီး

အောက်တိုဘာလ ၁၆ ရက်၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ မြိုအမျိုးသား ၅ဦးကို ချင်းကာကွယ်ရေးတပ် (ပလက်ဝ) ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲမူနဲ့ အာရက္ခတပ်တော် (အေအေ) က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေမှာ ဦးအေးလွန်၊ ဦးကြာလုံး ၊ ဦးဝင်းကြည်၊ ဦးကျင်ဝပ် နဲ့ ဦးမနော့ တို့သိရပြီး ၎င်းတို့ဟာ အသက် ၃၀ နှစ်မှ ၄၀ နှစ်ကြား အမျိုးသားတွေဖြစ်ပါတယ်။

Zalen ad

၎င်းတို့ကို အောက်တိုဘာ ၁၄ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်မှာ အေအေတပ်ဖွဲ့ဝင်တွေက ဆမီးမြို့၊ ဝက်မကျေးရွာထဲ ဝင်လာပြီး နေအိမ်အသီးသီးမှာ ဖမ်းဆီးခံတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကို ဟွန်ဒါစက်လှေဖြင့် အေအေက ၎င်းတို့စခန်းရှိတဲ့ ဆမီးမြို့သို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“ဆမီးမှာ အေအေ အချုပ်ခန်းရှိတယ်။ အဲ့ဒီကို ခေါ်သွားတာနေမယ်။ CDF ပလက်ဝကို လက်နက်ခဲယမ်း ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတာဖြစ်တယ်။ သူတို့က သာမာန်အရပ်သားတွေဖြစ်တယ်။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပလက်ဝမြို့နယ်မှာ ယခုရက်ပိုင်းတွင်း အေအေက CDF/CNA ထောက်ပံ့ကူညီမှု စွပ်စွဲချက်နဲ့ အရပ်သား ဖမ်းဆီးမှုတွေ ပိုပြုလုပ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပလက်ဝမြို့နယ် အရပ်သားဖမ်းဆီးမှုနဲ့ပတ်သက်လို့ အေအေပြောခွင့်ရ ဦးခိုင်သုခကို ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားခဲ့တာမရှိတဲ့အတွက် အရပ်သား ဖမ်းဆီးတဲ့အကြောင်းအရင်းကို Zalen အနေနဲ့ အတည်မပြုနိုင်သေးပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း ပလက်ဝမြို့နယ်မှာ ဒေါက်တာတစ်ဦးအပါဝင် အရပ်သား ၃၀နီးပါးကို အေအေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၉ရက်နေ့ကစလို့ ပလက်ဝမြို့နယ်တွင်း ကုန်းလမ်း၊ ရေလမ်းတွေကို အေအေက ဖမ်းထားပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

အိန္ဒိယနိုင်ငံ နယူး​ဒေလီရှိ မြန်မာချင်းဒုက္ခသည်အများစုနေထိုင်တဲ့ Sitapuri ရပ်ကွက်တွင် က​လေးခိုး ယူဖို့ကြိုးစားမှုထပ်မံဖြစ်ပွား

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။ Zalen အိန္ဒိယနိုင်ငံ New Delhi မြို့၊ Janakpuri west ရှိ  မြန်မာချင်းဒုက္ခသည်အများစုနေထိုင်တဲ့ Sitapuri Part-1 အနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ရက် ည ၇း၃၀နာရီအချိန်ခန့်က ...

ဆက်ဖတ်ရန်