ချင်းပြည်နယ် ဒေသခံကုမ္ပဏီအများစု အရည်အချင်းပြည့်မှီရန်လိုအပ်

ချင်းပြည်နယ်မှာ ကုမ္ပဏီ ကိုးရာကျော်ရှိသော်လည်း အတွေ့အကြုံကြွယ်ဝပြီး အင်ဂျင်နီယာအရည်အသွေးနဲ့ ငွေကြေးခိုင်မှာတောင့်တင်းတဲ့ ကုမ္ပဏီမှာ တစ်မြို့နယ်တွင် လေး၊ငါးခုသာရှိတယ်လို့ အေးချမ်းမြန်မာအင်စတီကျူ့ရဲ့ သုတေသနစာတမ်းထဲတွင်ဖော်ပြထားပါတယ်။

ချင်းပြည်နယ်ရှိ ဒေသန္တရစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများခေါင်းစဉ်ဖြစ်ပြုစုထားတဲ့ စာတမ်းကို နိုဝင်ဘာ(၂၁)ရက်မှာ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်ဟိုတယ်မှာ အေးချမ်းမြန်မာအင်စတီကျူ့ကပြုလုပ်သွားပါတယ်။

အမ်လောင်းနှင့်ထယ်ပန်းကြား ပြိုနေသောရေပြွန် Photo: Salai Mangom

Zalen ad

ယင်းစာတမ်းထဲတွင် ဒေသခံကုမ္ပဏီအားလုံးနီးပါးက အစိုးရရဲ့ နှစ်စဉ်ငွေလုံးငွေရင်းတင်ဒါလုပ်ငန်းများမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ဖွဲ့ထားတဲ့ကုမ္ပဏီဖြစ်ကြောင်း၊ အများစုမှာ ငွေကြေးရင်းနှီးစိုက်ထုတ်နိုင်မှု နည်းပါးသေးတဲ့ လူသစ်တန်းများသာဖြစ်တယ်လို့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်နဲ့အင်တာဗျူးမှာပြောသွားပါတယ်။

ဒေသခံကုမ္ပဏီတွေက စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုအတွေ့အကြုံနည်းပါးခြင်း (သို့)မရှိခြင်း၊ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာဝန်ထမ်းတွေ စနစ်တကျခန့်ထားနိုင်မှု မရှိခြင်း (သို့)လမ်လှမ်းမမှီခြင်းနဲ့ သမားရိုးကျအတွေးအသိဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းစတဲ့ကိစ္စရပ်တွေကြောင့် ငွေကြေးပမာဏ ကြီးမားတဲ့လုပ်ငန်းကို တာဝန်ခံဆောင်ရွက်နိုင်တဲ့ ဒေသခံကုမ္ပဏီနည်းပါးနေဆဲဖြစ်တယ်။ ဒါကြောင့် ငွေကြေးပမာဏကြီးမားတဲ့လုပ်ငန်းတွေဖြစ်ရင်တော့ ချင်းပြည်နယ်ပြင်ပကနေလာတဲ့ ကုမ္ပဏီတွေကသာ ဝင်ရောက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ရေးသားထားပါတယ်။

ဒေသခံ စွန့်ဦးတီထွင်လုပ်ငန်းရျင်တွေရှိပေမယ့် အများစုက ဗမာစကားကိုရေလည်ကောင်းမွန်စွာမပြောဆိုနိုင်ခြင်းနဲ့ စီးပွားရေးညိုနှိုင်းဆောင်ရွက်မှု မပိုင်နိုင်ခြင်းတို့ကြောင့် ပြည်မမှလုပ်ငန်းရှင်တွေနဲ့ဆက်ဆံရေးအခက်အခဲတွေရှိနေတယ်လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်