တွန်းဇံမြို့မှာ ZRA နဲ့ CDF တွန်းဇံတို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံး ရှိ

၅၊ နိုဝင်ဘာ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ မွာလ်ကွေးကျေးရွာမှာ အောက်တိုဘာလ ၂၁ ရက်နေ့က ချင်းအမျိုးသားတပ်မတော်(CNA )နဲ့ CDF တွန်းဇံ ပူးပေါင်းအဖွဲ့နဲ့ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA ) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ CDF တွန်းဇံတပ်ဖွဲ့က နိုဝင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်းမှာ CDF တွန်းဇံ တပ်ဖွဲ့တစ်ဦး ‌ကျဆုံးခဲ့ပြီး ZRA ဘက်က ဆယ်ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Zalen ad

ZRA ဟာ နယ်မြေချဲ့လာပြီး တွန်းဇံမြို့သိမ်းဖို့ စစ်ရေးပြင်ဆင်နေတာ‌ ကြောင့် CDF တွန်းဇံပါ၀င်တဲ့ ချင်းလဲန်းကောင်စီတပ်တွေကို တိုက်ထုတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ZRA-EC ရဲ့ အောက်တိုဘာလ ၂၇ ရက်ထုတ်ပြန်ချက်မှာတော့ အောက်တိုဘာလ ၂၁ ရက်က တွန်းဇံမြို့နယ်၊ မွာလ်ကွေးကျေးရွာမှာ ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့ တွေက ချုံခိုတိုက်ခိုက်ခဲ့လို့ ZRA ဘက်က သုံး ယောက် ကျဆုံးပြီး နှစ် ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တွန်းဇံမြို့နဲ့ ကျီခါးမြို့တို့ကို ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့နဲ့၂၃ ရက်နေ့တွေမှာ CDF တွန်းဇံ ပါဝင်တဲ့ ချင်းလဲန်းပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာပါ။

လက်ရှိမှာ တွန်းဇံမြို့ပေါ်မှာ CDF တွန်းဇံက မြို့နယ်ကောင်စီဖွဲ့စည်းပြီး အုပ်ချုပ်ရေး လည်ပတ်နေတာလည်း ဖြစ်ပါတယ်။

အခြေအနေအမျိုးမျိုးကြောင့် CDF တွန်းဇံ ပါဝင်တဲ့ ချင်းလဲန်းပူးပေါင်းတပ်ဖွဲ့တွေက တွန်းဇံမြို့ပေါ်အနီးနားတဝိုက်မှာသာ တပ်အထိုင်ထားတာဖြစ်ပြီး ZRA အဖွဲ့က အခွင့်ကောင်းယူကာ ကျီခါးမြို့မှာ တပ်အထိုင်ချထားတယ်လို့ သိရပါတယ်။

ZRA အဖွဲ့ဟာ တွန်းဇံမြို့ကို သိမ်းပိုက်မယ်လို့ သတင်းလွှင့်လေ့ရှိတာကြောင့် ဒေသခံတွေ အနေနဲ့ မစိုးရိမ်ကြဖို့နဲ့ မြို့ကို စွန့်ခွာခြင်းမပြုကြဖို့ အသိပေးထားပါတယ်။

ZRA တပ်ဖွဲ့တွေဟာ ချင်းလူမျိုးတွေဖြစ်ပေမယ့် စစ်ကောင်စီနဲ့ လက်တွဲကာ ချင်းလဲန်းကောင်စီနဲ့ တွန်းဇံမြို့နယ်ကောင်စီရဲ့ အုပ်ချုပ်ရေးနယ်မြေတွေကို ထိပါးနှောင့်ယှက်လာတာကြောင့် မလွှဲမရှောင်သာ တိုက်ထုတ်ရတာ ဖြစ်ပြီး ဒီစစ်ဆင်ရေးဟာ တရားတဲ့ စစ်ဆင်ရေးဖြစ်သလို ZRA ကို တွန်းဇံမြို့နယ်ကနေ အပြီးတိုင်ချေမုန်းသွားမယ်လို့လည်း CDF တွန်းဇံက ထုတ်ပြန်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်