ငဖဲမြို့နယ် ချင်းလူငယ်တွေ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ်အဖြစ် စုဆောင်းနေလို့ အိမ်ပြင်မထွက်ရဲ

ဖေဖော်ဝါရီလ ၆ရက်၊ ၂၀၂၅

Zalen

မကွေးတိုင်း၊ ငဖဲမြို့နယ် တောင်ပေါ်ကျေးရွာတွေက ချင်းလူငယ်တွေဟာ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ်အဖြစ် စုဆောင်းခံနေရမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက သိရပါတယ်။

အဲ့ဒါကြောင့် တောင်ပေါ်ကျေးရွာတွေက ချင်းလူငယ်တွေဟာ ငဖဲ၊ ပဒါန်း စတဲ့မြို့ပေါ်မှာ စျေးသွားဝယ်တာ၊ ခရီးသွားတာ၊ အလုပ်သွားလုပ်တာတွေ မပြုလုပ်ရဲတော့ဘူးလို့ သိရပါတယ်။

Zalen ad

“ငဖဲမြို့မှာလည်း လူငယ်တွေ ပေါ်ဆွဲတာ၊ တပ်သားသစ် စုဆောင်းတာတွေလုပ်လာတယ်။ ဒါကြောင်း လူငယ်တွေအတော်များ မြို့ထဲမဆင်းရဲတော့ဘူး။ အရင်ကတော့ ပဒါန်းနဲ့ကယ်ရီဆွဲတယ်။ ပန်းရံလုပ်တယ်။ စျေးထွက်ဝယ်တယ်။ အခုတော့ ရွာမှာပဲနေဖြစ်တော့တယ်။”လို့ ဂုတ်ကြီးကျေးရွာက ချင်းလူငယ်တစ်ဦးက ပြောပါတယ်။

ငဖဲမြို့နယ်၊ တောင်ပေါ်ကျေးရွာတွေက ဒေသခံတွေဟာ စျေးကို ငဖဲ နဲ့ ပဒါန်းမြို့မှာ လူတွေက ကား၊ ဆိုင်ကယ်နဲ့ သွားရောက်ပြီး ဝယ်ယူနေကြတာဖြစ်ပါတယ်။

အခုခါ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ်အဖြစ် လူငယ်တွေဖမ်းဆီးမှုရှိတာကြောင့် လူငယ်တွေကို မြို့ထဲမသွားခိုင်းတောဘဲ မိဘတွေက စျေးသွားဝယ်ယူတာတွေ ပြုလုပ်နေရတယ်လို့ သိရပါတယ်။

“အရင်ကတော့ သားသမီးတွေ မြို့ထဲစျေးသွားဝယ်ခိုင်းလို့ရတယ်။ ကိုယ်ကအလုပ်မပျက်တော့ဘူးပေါ့။ တစ်ခုခုဆိုလည်း ကလေးတွေသွားခိုင်းလို့ရတယ်။ အခုတော့ သူတို့စိတ်မချဘူး။ ကိုယ်တိုင်းသွားရတယ်။” လို့ စပ်စီကျေးရွာက ချင်းအမျိုးသားတစ်ဦးက ပြောပါတယ်။

ငဖဲမြို့နယ် အမ်း – ပဒါန်း ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဟာ ငဖဲမြို့နယ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အကျဉ်းသား တွေကို ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြု

ဧပြီ ၁၇ ၊ ၂၀၂၆ Zalen ဒီနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။ နှစ်သစ် အထိမ်းအမှတ်အနေနဲ့ရော၊ ပြည်သူတွေ ...

ဆက်ဖတ်ရန်