အာဆီယံ မြန်မာ့အရေးအထူးသံတမန်နဲ့ NUG ၊ K2C တို့ဘန်ကောက်မှာတွေ့ဆုံ

၉၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၊ K2C အဖွဲ့တို့နဲ့ ၂၀၂၅ အာဆီယံ အလှည့်ကျ ဥက္ကဌ အသစ် မလေးရှားရဲ့ မြန်မာ့အရေးအထူးသံတမန် မစ္စတာ တန်ဆီရီအော့မန်းဟာရှင် တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီ ၇ရက်နဲ့ ၈ ရက်နေ့တွေမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

K2C ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်တဲ့ NUG ရဲ့ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်ပါတယ်။

Zalen ad

လာမယ့် ဧပြီမှာ အာဆီယံက စတင်အကောင်အထည်‌‌ဖော်မယ့် မြန်မာ့ပြဿနာဖြေရှင်းရေးလုပ်ငန်းစဉ်အတွက် ဘက်ပေါင်းစုံက နိုင်ငံရေးဦးဆောင်အဖွဲ့တွေနဲ့တွေ့ဆုံတာလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က အာဆီယံ မြန်မာ့အရေး အထူးသံတမန်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

“တွေ့တာတော့ တွေ့နေကြတာပဲ၊ စကစကို ၆ ရက်နေ့က တွေ့တယ်၊ နောက် ၇၊ ၈ မှာ ဒီဘက်ကို တွေ့တယ်ဆိုတော့ သူက အရင် အင်ဒိုနီးရှားဥက္ကဌ လုပ်ခဲ့တဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံရေးကို ဆက်ပြီး အကောင်အထည် ဖော်နေပုံရပါတယ်။ အာဆီယံကနေ သိပ်ပြီး မျှော်လင့်လို့ မရဘူး၊ ဘာမှကြီးကြီးမားမား ဖြစ်လာမှာ မဟုတ်လောက်ဘူး။ ” လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၇ရက်နေ့မှာပဲ မစ္စတာ တန်ဆီရီအော့မန်းဟာရှင် ဟာ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေး Dusit Manapan နဲ့တွေ့ဆုံထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်