စစ်မှုထမ်းအကျုံးဝင်တဲ့ အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့် ရပ်ဆိုင်း

ဖေဖော်ဝါရီ၊ ၁၃၊ ၂၀၂၅

Zalen

စစ်ကောင်စီက စစ်မှုထမ်းအသက်အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့် ရပ်ဆိုင်းပိတ်ပင်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို အသိပေးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက်နေ့နောက်ပိုင်း ပြည်ပထွက်ခွာပြီး အလုပ်လုပ်ကိုင်ဖို့ စာချုပ်ချုပ်တဲ့ စစ်မှုထမ်းအသက် အကျုံးဝင်အမျိုးသားတွေကို ပြည်ပထွက်ခွင့်မပေးဖို့ ညွန်ကြားလာတာလို့ ဆိုပါတယ်။

Zalen ad

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြည်ပထွက် အလုပ်လုပ်ဖို့ ဗီဇာ PJ ကိုင်ဆောင်တဲ့ စစ်မှုထမ်းအသက် အရွယ်အကျုံးဝင်တဲ့ လူငယ်အမျိုးသားတွေကို လေဆိပ်ကနေ ပြန်လွတ်နေတယ်လို့ သိရပါတယ်။

“ ၁ လပိုင်း ၃၀ မတိုင်ခင် စာချုပ်ချုပ်ထားတဲ့သူတွေလည်း လေဆိပ်မှာ ပြန်လွတ်ခံရတာမျိုးတွေရှိတယ်။ စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေကိုလည်း အစစ်အဆေး တင်းတင်းကျပ်ကျပ် စစ်ဆေးပြီးမှ လွတ်တယ်။ မိန်းကလေးတွေကို တော့ လွတ်နေသေးတယ်၊ အရွယ်ကောင်းတွေကို ကန့်သတ်လိုက်တော့ ဟိုဘက်ကခေါ်တာလည်း ဒီအရွယ်တွေအများအားဖြင့် ခေါ်တာလေ။ တချို့လုပ်ငန်းတွေဆို ပိတ်လိုက်တာမျိုးတောင် ရှိတယ်။” လို့ အလုပ်အကိုင်အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တစ်ဖက်နိုင်ငံက အလုပ်သမားခေါ်စာ (Demand) တွေကိုတော့ လက်ခံနေပြီး ၁၈ နှစ်ကနေ ၃၅ နှစ် အမျိုးသားတွေကိုကန့်သတ်ထားပေမယ့် အမျိုးသမီးတွေကိုတော့ ကန့်သတ်တာမရှိသေးဘူးလို့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ ကန့်သတ်မှုတွေကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတချို့ ပိတ်သိမ်းတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ AA ရဲ့ စစ်သားစုဆောင်းမှုကြောင့် ဒေသခံတွေ တောလမ်းမှ အသက်လုထွက်ပြေးနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာပြီး တောလမ်းတွေကတဆင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြ ပါတယ်။ AA ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ...

ဆက်ဖတ်ရန်