ကလေးမြို့မှာ ဆိုက်တွဲစီးလာတဲ့ လူငယ်လေးဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

၁၇၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဖေဖော်ဝါရီ ၁၆ရက်နေ့ ညနေပိုင်းမှာ ဆိုက်တွဲစီးလာတဲ့လူငယ်လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ညနေ ၆နာရီခွဲဝန်းကျင်မှာ အလုပ်ကနေဆိုက်တွဲနဲ့ ပြန်လာတဲ့ လူငယ်အမျိုးသား လေးဦးကို ကလေးမြို့ ပြည်သူ့ဆေးရုံအနီးမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

Zalen ad

“ မိုးမချုပ်သေးဘူး၊ မှောင်ရီပျိုးအချိန်လို့ ပြောရမလား၊ ၆နာရီခွဲလောက်မှာ ဆေးရုံနားက ဖုန်းဆိုင်နားမှာ ဖမ်းသွားတာ၊ ဆိုင်တွဲပေါ်မှာ ပါတဲ့ ကောင်လေးတွေ အကုန်ဖမ်းသွားတယ်၊ ဆိုက်တွဲကိုပါ သိမ်းသွားတာ။ ဖမ်းတာတွေကတော့ မကြာမကြာလုပ်နေတာပဲ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က လူငယ်တွေကို ဖမ်းဆီးပြီး ကလေးမြို့နယ်အခြေစိုက် အမှတ် (၁၀) တပ်မတော်တန်းမြင့် သင်တန်းကျောင်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့မနက်ပိုင်းမှာ ကလေးမြို့ စစ်သင်တန်းကျောင်းမှာ သင်တန်းတက်ရောက်ခဲ့ရတဲ့ စစ်သားအသစ်တွေကို ကလေးလေဆိပ်ကနေ တခြားမြို့တွေကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဉ် (၆) ကနေ (၉ ) အထိ သင်တန်းတွေအတွက် လူငယ် ၁၈၅ ဦးထက်မနည်း ဖမ်းဆီးစုဆောင်းခံရတယ်လို့ ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Marry

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ AA ရဲ့ စစ်သားစုဆောင်းမှုကြောင့် ဒေသခံတွေ တောလမ်းမှ အသက်လုထွက်ပြေးနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာပြီး တောလမ်းတွေကတဆင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြ ပါတယ်။ AA ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ...

ဆက်ဖတ်ရန်