အရင်ပတ်က မိုင်းနင်းမိတဲ့ ကိုထွန်းထွန်း ဆေးဝါးကုသမှု ခံယူရင်းသေဆုံး

ဖေဖော်ဝါရီ ၁၇ရက် ၂၀၂၅

Zalen

ဖေဖော်ဝါရီ (၁၂) ရက်နေ့က စစ်ကောင်စီတပ်များထောင်ထားတဲ့ မိုင်းနင်းမိလို့ ဒါဏ်ရာ အပြင်းအထန်ရရှိခဲ့တဲ့ တမူးမြို့နယ်၊ မင်းသာကျေးရွာနေ ကိုထွန်းထွန်း အသက် (၅၀)ခန့်ဟာ ဆေးရုံတစ်ခုမှာ ဆေးဝါးကုသရင်း ယနေ့ မနက် ၄နာရီခန့်မှာ သေဆုံးသွားပြီလို့ သိရပါတယ်။

အဆိုပါကိုထွန်းထွန်းဟာ ညာဘက်ခြေဖမိုးပြတ်ထွက်ဒါဏ်ရာ၊ ဘယ်ခြေသလုံးကျိုးဒါဏ်ရာနဲ့ လက်မှာ မိုင်းစထိမှန်ဒါဏ်ရာတို့ ရရှိခဲ့တာဖြစ်ပြီး ခြေထောက်နှစ်ဖက်လုံး ခွဲစိတ်ဖြတ်ထုတ်မှာဖြစ်လို့ ခွဲစိတ်မှုခံယူပြီးနောက် ၃နာရီခန့်အကြာမှာ အသက်ရှူကြပ်ပြီး သေဆုံးသွားတာလို့ ၎င်းနဲ့နီးစပ်သူက ပြောပါတယ်။

Zalen ad

“ကိုထွန်းထွန်းဒါဏ်ရာကပြင်းတော့ ခြေထောက်နှစ်ဖက်လုံးဖြတ်ပစ်ရတာ။ သူက နှကိုယ်က အဆုတ်ရောဂါနဲ့ ကျောက်ကပ် ရောဂါအခံရှိတော့ခက်တယ်။ ရောဂါအခံကိုကုနေရင် ခြေထောက် ဒါဏ်ရာအနာက ပုပ်တော့မှာဆိုတော့ ခြေထောက်ပဲဦးစားပေးရတာ။ ရောဂါအခံရှိတော့ မခံနိုင်လို့သေဆုံးသွားတာလို့” လို့ ၎င်းနဲ့နီးစပ်သူတစ်ဦးက Zalen ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ယခုနှစ် ဇန်နဝါရီလမှ ယခုလဖေဖော်ဝါရီလ ၁၂ရက်နေ့ထိ မြေမြုပ်မိုင်းနင်းမိလို့ ထိခိုက်ဒါဏ်ရာရရှိတဲ့ အရပ်သား ၆ဦးထိ ရှိနေပြီး တစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ AA ရဲ့ စစ်သားစုဆောင်းမှုကြောင့် ဒေသခံတွေ တောလမ်းမှ အသက်လုထွက်ပြေးနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာပြီး တောလမ်းတွေကတဆင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြ ပါတယ်။ AA ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ...

ဆက်ဖတ်ရန်