စစ်မှုထမ်း အပတ်စဉ် ၁၀ ခုအတွင်း စစ်ကောင်စီက လူငယ် တစ်သောင်းနှစ်ထောင်ကျော် ဖမ်းဆီးခဲ့

၁၈၊ ဖေဖော်ဝါရီ၊၂၀၂၅

Zalen

စစ်ကောင်စီက စစ်မှုထမ်း သင်တန်း အပတ်စဉ် (၁) ကနေ အပတ်စဉ် (၁၀) အထိ ဆယ်ခုအတွင်း လူငယ်အမျိုးသား ၁၂,၆၅၅ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ Spring Revolution Database (SRD) အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ဒီအရေအတွက်ဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေမှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းအတည်ပြုခဲ့တဲ့ အချိန်က စပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ လူငယ် ၁၂,၆၅၅ ကို စစ်ကောင်စီ တပ်က ဖမ်းဆီးပြီး အတင်းဓမ္မ စစ်မှုထမ်း ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။

Zalen ad

စစ်မှုထမ်းမှာကို ရှောင်ဖို့ စစ်မှုထမ်းအသက်အကြုံးဝင်တဲ့ လူငယ်တွေဟာ တရားမဝင် နယ်စပ်‌ဖြတ်ကျော် တိမ်းရှောင်နေရတာကြောင့် ပြည်ပနိုင်ငံတွေမှာ ဖမ်းဆီးခံရမှုတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ ၃,၃၃၉ ဦး၊ မလေးရှားမှာ အယောက် သုံးရာ၊ အိန္ဒိယမှာ၂၆ ဦး၊ စုစုပေါင်း ၃,၆၆၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Spring Revolution Database က ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား ၁,၄၃၃ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့ကတဆင့် စစ်ကောင်စီ ထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလူငယ်တွေထဲက စစ်မှုထမ်းဖို့ မတရားစုဆောင်းခံရသူက ၁၆၈ ယောက်ရှိခဲ့ပြီး ကော့သောင်းအခြေစိုက် ခမရ(၂၆၂)၊ ပလောက်မြို့အခြေစိုက် အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေး ကျောင်း(တိုင်းဗဟို-၁၂)ကို ပို့ဆောင်ကာ စစ်သားအဖြစ် အဓမ္မစုဆောင်းဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ အောက်တိုဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းအပတ်စဉ်(၁) ကနေ (၅) အထိ နိုင်ငံတစ်ဝန်းမှာ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် ရှိပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို AA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ စုစည်းတွန်းလှန်နိုင်ခဲ့ဟု ဆလိုင်းယောမာန်ပြော

Zalen ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းဆောင်ရွက်မှုနဲ့ အောင်မြင်စွာ ဟန့်တားနိုင်ခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန် က ပြောပါတယ်။ မနေ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်