အိန္ဒိယ- မြန်မာနယ်စပ်တစ်လျှောက်ကို ၁၀နှစ်အတွင်း ခြံစည်းရိုးအပြီးကာမယ်

၁၇၊ မတ်၊ ၂၀၂၅

Zalen

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်လုံးကို လာမယ့် ဆယ်နှစ်အတွင်း ခြံစည်းရိုးအပြီးသတ်ကာဖို့ အိန္ဒိယအစိုးရက စီစဉ်ထားတယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြပါတယ်။

မိုင်ပေါင်း ၁၀၁၀ ခန့် (ကီလိုမီတာ ၁၆၄၃) ရှည်လျားတဲ့ နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာမယ့် အစီအစဉ်ကို အိန္ဒိယအစိုးရ အရာရှိတွေက လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းထားတာလို့ The Hindu သတင်းဌာနက မတ်လ ၁၆ ရက်နေ့ ထုတ်တဲ့ သတင်းမှာ ဖော်ပြပါတယ်။

Zalen ad

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အိန္ဒိယ- မြန်မာနယ်စပ် ခြံစည်းရိုးခတ်ဖို့ စီမံကိန်းကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ကြေညာခဲ့ပြီး စတင်အကောင်အထည်ဖော်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကနေ လက်ရှိအချိန်အထိ လေးလဝန်းကျင်ကစပြီး လုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတွေကပြောတယ်လို့ ဆိုပါတယ်။

နယ်စပ်ခြံစည်းရိုးခတ်တဲ့ လုပ်ငန်းတွေနဲ့ မြန်မာနယ်စပ်ကို စောင့်ကြပ်မဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ကင်းစခန်းတွေတည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ဖိုးတန်ဖိုးရှိတဲ့ အိန္ဒိယ ရူပီး ၁၁၄ ကုဋေ သုံးစွဲခဲ့တယ်လို့ ဖော်ပြပါတယ်။

နယ်စပ်ခြံစည်းရိုးခတ်ရာမှာ ခိုးဝင်နေတာတွေမရှိဖို့ နည်းပညာနဲ့ တားဆီးနိုင်အောင် ထည့်သွင်ဆောင်ရွက်ထားကြောင်း အာသံရိုင်ဖယ်တပ်ဖွဲ့က ပြောဆိုပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် မိုးရေးမြို့မှာ ခြောက်မိုင်နီးပါး ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးစီမံကိန်း ပြီးမြောက်ခဲ့ပြီလို့ သိရပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်