နိုင်ငံတကာကနေ ငလျင်ဘေးအတွက် အကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထား

၁၅၊ ဧပြီ၊ ၂၀၂၅

Zalen

နိုင်ငံတကာကကနေ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီဖြစ်တယ်လို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် နိုင်ငံ ၂၄ နိုင်ငံက အထောက်အပံ့ ပစ္စည်းတွေ ရောက်ရှိလာတာလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက MRTV ကနေ ဧပြီလ ၁၄ ရက်နေ့ညမှာ ပြောလိုက်တာပါ။

Zalen ad

လေယာဉ်အခေါက်ရေ ၁၃၃ ကြိမ် နဲ့ ကယ်ဆယ်ရေးဝန်ထမ်း ၁၈၆၂ ဦးအပြင် လူသားချင်းစာနာမှုအကူအညီအတွက် ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၂၂၁၀ ကျော်နဲ့ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၁၇၀ လက်ခံရရှိထားပြီလို့ ဆိုပါတယ်။

မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁၄ ရက်နေ့ ညနေ ၆ နာရီအထိ ငလျင်‌ ကြောင့် သေဆုံးသူ ၃၇၀၆ ဦး၊ ဒဏ်ရာရသူ ၅၀၂၇ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၃၀ ရှိတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်သေဆုံးသူအရေအတွက်လည်း ဆက်လက်မြင့်တက်နေပေမယ့် အကူအညီတွေဟာ ငလျင်ဒဏ်ကို အပြင်းအထန်ခံစားနေရသူတွေ လက်ထဲ ထိထိရောက်ရောက် မရောက်လာသေးဘူးလို့ ငလျင်ဒဏ်သင့်ပြည်သူတွေက ပြောပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ၇ အဆင့်ရှိတဲ့ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွေမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်