ထိုင်း – ကမ္ဘောဒီးယား စစ်ရေးတင်းမာမှုကိုငြိမ်းချမ်းရေးနည်းဖြင့် အဖြေရှာကြရန် NUG တိုက်တွန်း

၂၄ ၊ ဇူလိုင် ၊ ၂၀၂၄

Zalen

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်း – ကမ္ဘောဒီးယား စစ်ရေးအခြေအနေတင်းမာမှုကိုငြိမ်းချမ်းရေးနည်းဖြင့် အဖြေရှာကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊နိုင်ငံခြားရေး၀န်ကြီဌာနက ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါထုတ်ပြန်ချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တို့အကြား စစ်ရေး အခြေအနေတင်းမာမှုများ ဖြစ်ပွား နေတာကို သက်ဆိုင်ရာနိုင်ငံများအနေနဲ့အမြန်ဆုံးငြိမ်းချမ်း ရေးနဲ့ဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် တိုက်တွန်းထားတယ်လို့သိရပါတယ်။

Zalen ad

ဒါ့အပြင် ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြားပစ်ခတ်တိုက်ခိုက်မှုများအတွင်း အရပ်သား ပြည်သူ တွေထိခိုက်မှုများရှိလာတာ‌ ကြောင့်နှစ်နိုင်ငံ အရပ်သားပြည်သူများရဲ့ လုံခြုံရေးအတွက် အထူး စိုးရိမ်မိတယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယား တို့ရဲ့လက်ရှိ စစ်ရေးအခြေအနေတင်းမာနေတဲ့ ဒေသများ မှာ ရောက်ရှိနေတဲ့ ခရီးသွား၊ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံ့လုံခြုံရေးတာဝန်ရှိသူများရဲ့ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေ ညွှန်ကြားချက်၊ သတိပေးချက်တွေကိုလိုက်နာဆောင်ရွက်ကြဖို့အသိပေးထားပါတယ်။

ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မြန်မာပြည်သူ‌ တွေကလုပ်ငန်းခွင်များမှာအတူတကွ လုပ်ကိုင် နေထိုင်ကြတဲ့ အတွက် မြန်မာပြည်သူများအနေဖြင့်လည်း ဂရုတစိုက်သတိပြုနေထိုင်ကြပြီးပဋိပက္ခအား ပိုမိုတင်းမာစေမယ့် လူမှုကွန်ယက်ပေါ်မှာ ပြောဆိုရေးသားမျှဝေတာ တွေ ဆင်ခြင်ကြဖို့လည်း အသိပေးဖော်ပြထားပါတယ်။

သတင်း – နွေဦး

နောက်ဆုံးရသတင်းများ

မိုဘိုင်းဖုန်း CEIR စနစ်မပါတဲ့ဖုန်းတွေကို တလသာ ယာယီသုံးခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ထုတ်ပြန်

မတ် ၅၊ ၂၀၂၆Zalen လာမယ့် ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR ...

ဆက်ဖတ်ရန်