မနက်ဖြန် မတူပီမှာ ဝန်ကြီးချုပ်ကို ဆန္ဒပြမယ်လို့သတင်းရရှိ

မတူပီခရိုင်ရုံးတည်ဆောက်မယ့်နေရာနဲ့ပတ်သက်ပြီး ဒေသခံတွေမကျေနပ်တာကြောင့် မနက်ဖြန် (ဒီဇင်ဘာ ၁၇) ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ် မတူပီလာရောက်စဉ်ဆန္ဒပြကြမယ်လို့သတင်းရရှိပါတယ်။

မတူပီမြို့မှာ ရပ်ကွက်(၅)ခုရှိပြီး ဆန္ဒပြမယ့်ရပ်ကွက်တွေကတော့ စန်းဘောန်၊ ခိုဘွေ၊ လောင်ဗန်း၊ ငလား ရပ်ကွက်တွေဖြစ်ပါတယ်။

မတူပီမြို့ဒေသခံတစ်ဦးက “မတူပီခရိုင်ရုံးတည်ဆောက်ဖို့လျာထားတဲ့နေရာက မြို့ပြင် စစ်တပ်နေရာနဲ့လည်းနီးတော့ အဲ့ဒါကိုအဓိက သဘေမတူတာ။ ဝန်ထမ်းတွေထဲမှာ အမျိုးသမီးတွေလည်းရှိမှာဆိုတော့ သူတို့တွက် မလုံခြုံဘူးလို့ယူဆရတယ်။ အရင်တုန်းကလည်း အကြိမ်ကြိမ်ဒီကစ္စကိုစာတင်ပေမယ့် အစိုးရဘက်ကဘာမှပြန်စာမလာဘူး”လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်