ထရမ့်က ရုရှား ရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခု အရေးယူပိတ်ဆို့

အောက်တိုဘာ ၂၃၊ ၂၀၂၅

Zalen

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှားရဲ့ အကြီးဆုံး ရေနံကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Rosneft နဲ့ Lukoil အပေါ် အမေရိကန်က အရေးယူ ပိတ်ဆို့လိုက်ပါတယ်။

ထရမ့်ဟာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ ကိစ္စကို အချိန်အကန့်အသတ်မရှိရွှေ့ဆိုင်းထားမယ်လို့ ပြောပြီး တစ်ရက်အကြာမှာ အခုလို ပိတ်ဆို့မှုတွေကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

Zalen ad

အောက်တိုဘာ ၂၂ ရက် အစောပိုင်းမှာ ရုရှားဟာ ယူကရိန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။

ပူတင်က ရုရှား – ယူကရိန်း စစ်ပွဲကို အဆုံးသတ်ဖို့ ငြင်းပယ်ခဲ့တာကြောင့် ပိတ်ဆို့မှုသစ်တွေလိုအပ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က ပြောခဲ့ပါတယ်။

ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ ဖုန်းပြောရတာ စကားပြောလို့ကောင်းပေမဲ့ လက်တွေ့မပါဘူး လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောထားပါတယ်။

အဲဒီရေနံကုမ္ပဏီတွေက ရုရှားရဲ့ စစ်ယန္တရားကို ငွေကြေးထောက်ပံ့နေတာဖြစ်ပြီး ဒီပိတ်ဆို့မှုတွေကြောင့် ထိရောက်မှုရှိလာမယ်လို့ မျှော်လင့်ကြောင်း ထရမ့်က ပြောပါတယ်။

ရုရှားဘက်က ပစ်ခတ်တာတွေရပ်ဆိုင်းဖို့ လက်မခံနိုင်တာဟာ အဓိကပြဿနာဖြစ်နေတယ်လို့ ဆိုပါတယ်။

ပိတ်ဆို့ခံရတဲ့ ရုရှားကုမ္ပဏီနှစ်ခုဟာ တစ်ရက်ကို ရေနံစည် ၃ ဒသမ ၁ သန်း ထုတ်လုပ်ပေးနေပြီး Rosneft ဟာ ရုရှားရဲ့ရေနံထုတ်လုပ်မှုစုစုပေါင်းရဲ့ ထက်ဝက်ခန့်ကို ထုတ်လုပ်ပေးနေသလို တစ်ကမ္ဘာလုံး ရေနံ ထုတ်လုပ်မှုရဲ့ ခြောက်ရာခိုင်နှုန်းရှိပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ ဗြိတိန်ကလည်း အဲဒီရေနံကုမ္ပဏီ‌တွေကို ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။

ကိုးကား – Reuters

Mary

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်