စစ်ကောင်စီရဲ့ စစ်ကြောင်းကြောင့် ပြည်သူများ ခရီးသွားလာတာ မပြုကြဖို့ PDF-Zoland တိုက်တွန်း

အောက်တိုဘာ ၃၀၊၂၀၂၅

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်ကို စစ်ကောင်စီတပ်က စစ်လေယာဉ်နဲ့ လေးရက်ဆက်တိုက် စစ်အင်အားနဲ့ လက်နက်ရိက္ခာ ဖြည့်တင်းခဲ့ပြီး တီးတိန်- ကလေးလမ်းကို စစ်ကြောင်းထိုးနေတာကြောင့် ခရီးသွားလာတာ မလုပ်ကြဖို့ PDF Zoland က ဒီကနေ့သတိပေးထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့မှာ တီးတိန်မြို့ပေါ်ကနေ တီးတိန်-ကလေးလမ်းမပေါ်ရှိ ဆဲဇန် (Sezang) ကျေးရွာဘက်ကို စစ်မျက်နှာသစ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ PDF Zoland ကပြောပါတယ်။

Zalen ad

ဒါကြောင့် ဒေသခံ ပြည်သူတွေနဲ့ ခရီးသွားတွေအနေနဲ့ လုံခြုံရေးအရ အသက်အန္တရာယ် မကြုံစေရေး သတိရှိစွာ သွားလာကြဖို့နဲ့ ဖြစ်နိုင်ရင် ခရီးသွားလာတာ လုံးဝရှောင်ရှားကြဖို့ PDF Zoland က အလေးအနက် တိုက်တွန်းထားပါတယ်။

တီးတိန်မြို့ပေါ်က ခလရ ၂၆၉ တပ်ရင်းကို စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂၆ ရက် ကနေ ၂၉ ရက်အထိ စစ်သုံးလေယာဉ်တွေနဲ့ စုစုပေါင်း ၂၆ ကြိမ်အထိ ဆင်းသက်ခဲ့ပြီး စစ်အင်အားအများအပြားနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂၉ တစ်ရက်တည်းမှာ စစ်လေယာဉ် ကိုးကြိမ် ဆင်းသက်ခဲ့ပြီး စစ်တပ်သားအင်အား၊ လက်နက်ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတွေ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၇ ရက်ကစပြီး ကလေး- သိုင်းငင်း – တီးတိန်လမ်းမကြီးကို ကလေးမြို့ကနေ စစ်ကောင်စီတပ်တွေဟာ အင်အားအများအပြား စစ်ကြောင်းထိုးလာလို့ ကလေးမြို့ကနေ တီးတိန်မြို့ကိုသွားတဲ့ ရှောင်ကွင်းလမ်းကို ခေတ္တပိတ်ထားတယ်လို့ CDF-CDM SIYIN က ထုတ်ပြန်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ယာဥ်မောင်း ချင်းအမျိုးသားတဦးအပါအဝင် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၇ ဦးဖမ်းဆီးခံရ

ဧပြီ ၂၁၊ ၂၀၂၆ Zalen မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်၊ တာနာမေရမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ၎င်းတို့ကို ပို့ဆောင်ပေးတဲ့ ချင်းအမျိုးသား ယာဉ်မောင်းတဦးကို ဖမ်းဆီးရမိတယ်လို့ PGA တပ်ရင်း (၉) ...

ဆက်ဖတ်ရန်