အမေရိကန်မှာ လောင်စာဆီတင်လေယာဉ်ပျက်ကျလို့ လူ ခုနှစ်ဦးထက်မနည်း သေဆုံး

နို၀င်ဘာ ၅၊ ၂၀၂၅

Zalen

အမေရိကန်ပြည်ထောင်စု၊ ကန်တက်ကီပြည်နယ်၊ လူဝီဗီးမြို့ (Louisville) နိုင်ငံတကာလေဆိပ်မှာ လောင်စာဆီ ‌သယ်ဆောင်လာတဲ့ ကုန်တင်လေယာဉ် တစ်စင်းပျက်ျက်မှုကြောင့် လူ ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အမေရိကန် ဒေသစံတော်ချိန် အင်္ဂါနေ့ ညနေ ၅ နာရီ ၁၅ မိနစ်မှာ ပျက်ကျခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းနေသလို အနီးနားက စီးပွားရေးလုပ်ငန်းတွေလည်း မီးကူးကုန်တယ်လို့ အမေရိကန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။

Zalen ad

လေယာဉ်ခရီးစဉ်အမှတ် Flight 2976 ဟာ ဟာဝိုင်အီကို ဦးတည်ပျံသန်းမှာဖြစ်ပြီး ၁၇၅ ပေခန့် အမြင့် ရောက်ချိန် ပျံသန်းစဉ်မှာပဲ ပျက်ကျခဲ့တာပါ။

လက်ရှိ လေယာဉ်ပျက်ကျမှုမှာ သေဆုံးသူ ခုနှစ် ဦးအပြင် သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါအပြင် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာတွေကြောင့် ဆေးရုံတင်ထားရပြီး ပျောက်ဆုံးနေသူတွေလည်းရှိနေပါတယ်။

လေယာဉ်ဟာ မီးလောင် ပေါက်ကွဲနေချိန်မှာ လောင်စာဆီ ဂါလံ သုံးသောင်းရှစ်ထောင်ကျော်ကို တင်ဆောင်ထားတယ်လို့ သိရပါတယ်။

လူဝီဗီးမြို့ဟာ အကြီးဆုံး ကမ္ဘာ့သယ်ယူပို့ဆောင်ရေးလေဆိပ်ဖြစ်ပြီး ဒီလိုဖြစ်စဉ်ကြောင့် Amazon, USPS အပါအဝင် ကုန်ပို့စနစ်တွေ တချို့ ရပ်တန့်နိုင်တယ်လို့ သိရပါတယ်။

ကိုးကား – Reuters

Helen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်