လက်နက် နဲ့အတူ အလင်း၀င်လာတဲ့ စစ်ကောင်စီ တပ်သားတဦးကို YRA က သိန်း ၅၀ ဆုချီးမြှင့်

ဇန်နဝါရီ ၂၂၊၂၀၂၆။
Zalen
မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ရွှေထီးခန်းမ မှာတပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် တဦးလက်နက်နဲ့အတူ အလင်း၀င်ရောက်လာတယ်လို့ မနေ့က ဂန့်ဂေါခရိုင်တပ်ရင်း (၁၅၊၁၆၊ ၁၇) Yaw Revolution Army (YRA) – ထီးလင်းက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ ၀င်ကတော့ တပ်မ ၉၉ လက်အောက်ခံ ၊ ခမရ ၃၁၅ က တပ်သားအောင်ကျော်မင်း ၊ကိုယ်ပိုင်အမှတ် -ပစ ၁၅၈၄၀၈ ဖြစ်ပြီး MA 3 တလက် နဲ့အတူ ဇန်နဝါရီလ ၂၀ ရက်နေ့က အလင်း၀င်လာတာလို့ ဆိုပါတယ်။
အဲဒါနဲ့ပတ်သက်လို့ YRA သတင်းနှင့် ပြန်ကြား ရေးတာ၀န်ခံ ကိုကောင်းက ” သူကထွက်ပြေးချင်တယ်။ ကျွန်တော်တို့နဲ့ချိတ်ဆက်တယ်။ချိန်းဆိုပြီးတော့ အောင်မြင်ခဲ့တယ်။အခုရောက်လာတဲ့အသစ်ပါ။ ၁၃ ရက်နေ့က လေကြောင်းတိုက်ခိုက်ပြီး ချခဲ့တဲ့ တပ်သားအသစ်ပါ ” လို့ Zalen ကိုပြောပါတယ်။
ဆက်လက်ပြီး အလင်း၀င်ရောက်လာတဲ့စစ်ကောင်စီ တပ်သားကိုတော့ ဆုကြေးငွေ ကျပ် သိန်း ၅၀ ဆုချီးမြှင့်ထားပြီး YRA ထံ အလင်း
၀င်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၈ ဦး ၀န်းကျင်ရှိတယ်လို့ သူက ရှင်းပြပါတယ်။
အလင်း၀င်ရောက်လာတဲ့ စစ်ကောင်စီ တပ်သားသစ် ကိုတော့ ဂန့်ဂေါခရိုင်တပ်ရင်း -YRA ထီးလင်းက ကောင်းကောင်းမွန်မွန် စောင့်လျှောက်ထားတယ်လို့ အသိပေးထားပါတယ်။
သတင်း – ယောနေ
ဓာတ်ပုံ – အလင်း၀င်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦး

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်တိုက်ပွဲ‌တွင်းမှာ စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးပြီး ဖမ်းမိသူ ၄၀ ကျော်ရှိ

မတ် ၁၀၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င်၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၅၀ ကျော် ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ...

ဆက်ဖတ်ရန်