ဂျပန်မှာ ၇.၄ ပြင်းအားရှိငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်ထုတ်ပြန်

ဧပြီ  ၂၀ ၊ ၂၀၂၆

Zalen

Zalen ad

ဂျပန်နိုင်ငံမြောက်ပိုင်းတွင် ဒီကနေ့ ပြင်းအား ၇.၄ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး သုံးမီတာ (၁၀ ပေ) အထိရှိသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်နိုင်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြောကြားခဲ့ပါတယ်။

မြောက်ပိုင်း အီဝါတီစီရင်စု ကမ်းလွန် ပစိဖိတ်ရေပြင်မှာ ဒေသစံတော်ချိန် ညနေ ၄:၅၃ မှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ကီလိုမီတာရာပေါင်းများစွာ ဝေးကွာတဲ့ တိုကျိုမြို့အထိ ကြီးမားသော အဆောက်အအုံများကို လှုပ်ခါစေ လောက်အောင် ပြင်းထန်ခဲ့ပါတယ်။

မိနစ် ၄၀ ခန့်အကြာမှာ ၈၀ စင်တီမီတာ (၃၁ လက်မ) ရှိသော ဆူနာမီလှိုင်းဟာ အိဝါတီပြည်နယ် ကူဂျီဆိပ်ကမ်းသို့ ရိုက်ခတ်ခဲ့ကြောင်း JMA ရဲ့ အဆိုအရ သိရပါတယ်။

ကမ်းရိုးတန်းဒေသများနဲ့ မြစ်ကမ်းဘေးဒေသများမှ ကုန်းမြင့်ဒေသ သို့မဟုတ် ရွှေ့ပြောင်းရေးအဆောက်အအုံ ကဲ့သို့သော ပိုမိုဘေးကင်းသောနေရာသို့ ချက်ချင်းပြောင်းရွှေ့ကြဖို့ တာဝန်ရှိသူများ က အသိပေးထားပြီးဆူနာမီ လှိုင်းများကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

“ဆူနာမီလှိုင်းများ အကြိမ်ကြိမ်ရိုက်ခတ်လိမ့်မယ်လို့ယုံကြည်ရတယ်။သတိပေးချက် မရုပ်သိမ်းမချင်း ဘေးကင်း တဲ့ နေရာကနေမထွက်ခွာကြဖို့လိုတယ်။” လို့  JMA အရာရှိကဆိုပါတယ်။

အမျိုးသားရုပ်သံ NHK မှ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းမှာတော့ အီဝါတီရှိ ဆိပ်ကမ်းများစွာအနီးတစ်ဝိုက်မှာ ချက်ချင်းမြင်သာတဲ့ ပျက်စီးဆုံးရှုံးမှုများကို မပြသခဲ့ပေမယ့် ထိုဒေသမှာ နောက်ထပ်ငလျင်များ လှုပ်ခတ်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။

ဝန်ကြီးချုပ်ရုံးက အကျပ်အတည်းစီမံခန့်ခွဲမှုအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားကြောင်း ပြောကြားခဲ့ပါတယ်။

“သတိပေးချက်ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ နေထိုင်သူတွေအတွက် မြင့်မားတဲ့နေရာတွေလို ပိုမြင့်တဲ့နေရာ တွေကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးကြပါ” လို့ ဝန်ကြီးချုပ် Sanae Takaichi က သတင်းထောက်တွေကို ပြောကြားခဲ့ပြီး အစိုးရအနေနဲ့ ထိခိုက်သေဆုံးမှု ဒါမှမဟုတ် ပိုင်ဆိုင်မှုပျက်စီးဆုံးရှုံးမှု ရှိမရှိ အတည်ပြုဖို့ ကြိုးစားနေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်လှုပ်ရှားမှုအများဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ပစိဖိတ် “မီးတောင်စက်ဝိုင်း” ရဲ့ အနောက်ဘက်အစွန်းတစ်လျှောက်ရှိ အဓိက ကမ္ဘာ့မြေလွှာကြီးလေးခုရဲ့ ထိပ်မှာ တည်ရှိ ပါတယ်။

လူဦးရေ ၁၂၅ သန်းခန့် နေထိုင်တဲ့ ဂျပန်နိုင်ငံမှာ နှစ်စဉ် ငလျင် ၁၅၀၀ ခန့် လှုပ်ခတ်လေ့ရှိပြီး ကမ္ဘာ့ငလျင်လှုပ်ခတ်မှု ရဲ့ ၁၈ ရာခိုင်နှုန်းခန့် ရှိပြီး အများစုကတော့ အပျော့စားငလျင်တွေဖြစ်ကြပါတယ်။

၂၀၁၁ ခုနှစ်မှာ လူပေါင်း ၁၈၅၀၀ ခန့် သေဆုံးခဲ့ပြီး ဖူကူရှီးမား နျူကလီးယားစက်ရုံမှာ ပြင်းထန်တဲ့ အရည်ပျော်မှု ဖြစ်စေခဲ့တဲ့  ပြင်းအား ၉.၀ ရှိသော ရေအောက်ငလျင်ကြီးက ဂျပန်ကို ခြောက်လှန့်နေပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ မြောက်ဘက်ကမ်းရိုးတန်းတွင် ရစ်ချ်တာစကေး ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် တစ်ပတ်ကြာ ဒုတိယအကြိမ်မြောက် “megaquake” သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့က ငလျင်ကြောင့် စင်တီမီတာ ၇၀ (၂၈ လက်မ) အထိရှိတဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်စေခဲ့ပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပေမယ့် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုတော့မရှိခဲ့ပါ။

ကိုးကား – NDTV

သတင်း – Mickey

#ဂျပန်နိုင်ငံ #ငလျင် #ဆူနာမီ #သတိပေးချက်ထုတ်#Zalen

နောက်ဆုံးရသတင်းများ

ချင်း စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် Chin Archive App နဲ့ Website ဖွင့်လှစ်ခဲ့

ဧပြီ ၂၀ ၊ ၂၀၂၆Zalen ချင်း စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် Chin Archive App & Website ကို Chin Calai Advocacy ရဲ့ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ် ဧပြီလ ...

ဆက်ဖတ်ရန်