စစ်ကောင်စီက သတင်းအေဂျင်စီ ၃ ခုရဲ့ လုပ်ငန်းလိုင်စင်တွေ ပိတ်သိမ်း

ဧပြီ ၂၄၊ ၂၀၂၆
Zalen

အာဏာသိမ်း စစ်ကောင်စီ ချင်းအခြေစိုက် သတင်းဌာန နှစ်ခု အပါအ၀င် သတင်းမီဒီယာ သုံးခုကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်တယ်လို့ ဧပြီ ၂၃ ရက်နေ့က ကြေညာပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကနေ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေတွေနဲ့ မညီညွတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းအေဂျင်စီ ၃ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းလိုက်တာလို့ ဆိုပါတယ်။

လိုင်စင် ပိတ်သိမ်းခံလိုက်ရတဲ့ မီဒီယာတွေကတော Chin World သတင်းအေဂျင်စီ ၊ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီ နဲ့ မျက်မှောက်ခေတ် (Nowadays News) သတင်းအေဂျင်စီ တို့ပဲ ဖြစ်ပါတယ်။

Zalen ad

ဒီမီဒီယာတွေဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးကို ထိခိုက်စေမယ့် အကြောင်းအရာတွေကို ရေးသားဖော်ပြခဲ့တယ်ဆိုတဲ့ အချက်ကြောင့် အခုလို အရေးယူခံရတာလို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါကြောင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ကစပြီး ဒီသတင်းဌာနတွေအနေနဲ့ ဘယ်လိုမီဒီယာ အမျိုးအစားနဲ့မဆို သတင်းရေးသား ထုတ်လွှင့်တာမျိုးတွေ လုံးဝ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

Mary

နောက်ဆုံးရသတင်းများ

မီဇိုရမ်မှာ ယခုနှစ် ခြောက်လအတွင်း မူးယစ်ဆေးကြောင့် ၂၆ ဦး၊ အရက်ကြောင့် ၁၈ ဦး သေဆုံး

ဇွန်၂၉ ၊ ၂၀၂၆Zalen မီဇိုရမ်ပြည်နယ်မှာ ၂၀၂၆ ခုနှစ်အစကနေ ဇွန် ၂၄ ရက်အထိ ခြောက်လနီးပါးအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဆက်နွယ်ပြီး လူ ၂၆ ဦး သေဆုံးခဲ့သလို၊ အရက်သောက်သုံးမှုနဲ့ ဆက်နွယ်ပြီးလည်း လူ ၁၈ ...

ဆက်ဖတ်ရန်