ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးသွားတဲ့လမ်းပေါ်က ဆည်ပေါက်ချောင်းရေ မိုးများပြီး ကားလမ်းပေါ်သို့ ရေကြီးရေလျှံမှုဖြစ်

ဧပြီ ၂၇၊ ၂၀၂၆

 Zalen

Zalen ad

ဧပြီ ၂၆ရက် ယမန်နေ့ ညနေပိုင်းအချိန်က မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးသွားတဲ့လမ်းပေါ်ရှိ ဆည်‌ပေါက်ကျေးရွာရှိ ဆည်ပေါက်ချောင်းရေ မိုးများပြီး ကားလမ်းပေါ်သို့ ရေကြီးရေလျှံမှုဖြစ်ပြီး ခရီးသည်များလိုက်ပါစီးနှင်းလာတဲ့ ကားတစီး ရေစီးနဲ့မျှောပါမှုဖြစ်ခဲ့တဲ့ ဗွီဒီယိုဖိုင်များ လူမှုကွန်ယက် စာမျက်နှာ ပေါ်တွင် ပျံ့နှံ့လျက်ရှိခဲ့ပါတယ်။

အဆိုပါခရီးသည်တင်ယာဉ်မျှောပါမှုကို ဒေသခံများနဲ့ မီးသတ်တပ်ဖွဲ့က အချိန်မီ ကယ်ဆယ် နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

ယင်းဖြစ်စဉ်ဖြစ်ပွားချိန် အနီးအနားရှိ ဒေသခံတဦးက “ အဲဒီ  ရေစီးအားက အရမ်းကြမ်းတာဗျ၊ ကားတစီးကို တောင်မျောပါသွားနိုင်တာ လူကဘယ်လိုသွားကယ်နိုင်မှာလဲ ရေက‌မြေကြီးတွေ အရည်ပျော်ပြီး‌စီးနေတဲ့ ရေမို့လို့ ရေကူးတော်တဲ့ လူတောင်သွားကယ်ဖို့မလွယ်ဘူးလို့” ဆိုပါတယ်။

ယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည် ကလေးအပါအဝင် လူ ၂၀ဦးတို့ကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

နွေဦး

#မန္တလေးမြို့#ကျောက်ပန်းတောင်း#ဆည်ပေါက်ရွာ#ရေကြီးရေလျှံ #Zalen

နောက်ဆုံးရသတင်းများ

မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်များရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

ဇွန် ၂၃ ၊၂၀၂၆Zalen ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းကနေစတင်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝအချက်အလက် (Biometric) စာရင်းသွင်းမှုလုပ်ငန်းဟာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ လူဦးရေစာရင်းကောက်ယူရေးနဲ့ ...

ဆက်ဖတ်ရန်