Alibaba လက်အောက်ခံ Shop.com.mm မြန်မာနိုင်ငံရှိ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းမည်

ဧပြီ ၂၈၊ ၂၀၂၆
Zalen

တရုတ်အခြေစိုက် ကမ္ဘာကျော် Alibaba Group ရဲ့ လက်အောက်ခံဖြစ်သော Shop.com.mm ဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ၎င်းတို့ရဲ့ လုပ်ငန်းလည်ပတ်မှုအားလုံးကို အခုဧပြီလကုန်မှာ အပြီးတိုင်ရပ်ဆိုင်းတော့မယ်ဖြစ်တယ်လို့ သိရပါတယ်။

Shop.com.mm ရဲ့ ထုတ်ပြန်ချက်အရ အော်ဒါအသစ်တွေကို ဧပြီလ ၂၉ ရက်၊ ည ၁၁ နာရီ ၅၉ မိနစ်အထိသာ နောက်ဆုံးထားလက်ခံသွားမယ်ဖြစ်ပြီး၊ ယင်းနောက်ပိုင်းမှာ ဝန်ဆောင်မှုတွေကို ရပ်နားသွားမယ်ဖြစ်တယ်လို့ ဆိုပါတယ်။

Zalen ad

နှစ်ပေါင်းများစွာအတွင်း ဝယ်ယူသူတွေရဲ့ နေ့စဉ်ဘဝနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အရေးပါတဲ့ အစိတ်အပိုင်းတခုအဖြစ် ယုံကြည်အားပေးခဲ့ကြတဲ့အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မှာယူထားသော အော်ဒါတွေ ပစ္စည်းပို့ဆောင်မှုတွေနဲ့ ငွေပေးချေမှုကိစ္စရပ်အားလုံးကို စနစ်တကျ အပြီးသတ်ဆောင်ရွက်ပေးသွားမယ်လို့ ကုမ္ပဏီဘက်က အာမခံထားပါတယ်။

လုပ်ငန်းရပ်နားဖို့ ပြင်ဆင်နေပေမယ့် လည်း ဝယ်ယူသူတွေရဲ့ အခွင့်အရေးကို ထိခိုက်မှုမရှိစေဖို့ တာဝန်ယူမှု အပြည့်နဲ့ ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

Shop.comm.mm ကို ဒီနေ့အထိ ရပ်တည်နိုင်အောင် ပံ့ပိုးပေးခဲ့တဲ့ ဝယ်ယူသူတွေရဲ့ ယုံကြည်မှုကို အထူးတန်ဖိုးထားကြောင်းနဲ့ အတူလက်တွဲ ပါဝင်ခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။

Shop.com.mm ဟာ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်မှစတင်၍ အွန်လိုင်းဈေးဝယ်ကဏ္ဍမှာ ထိပ်တန်းမှ ရပ်တည်ခဲ့တဲ့ ပလက်ဖောင်းတစ်ခုလည်းဖြစ်ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်များရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

ဇွန် ၂၃ ၊၂၀၂၆Zalen ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းကနေစတင်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝအချက်အလက် (Biometric) စာရင်းသွင်းမှုလုပ်ငန်းဟာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ လူဦးရေစာရင်းကောက်ယူရေးနဲ့ ...

ဆက်ဖတ်ရန်