မီဇိုရမ်ပြည်နယ်ရဲ့ နေရာအချို့မှာ မိုးရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတို့ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ပြောကြား

ဧပြီ ၂၈၊ ၂၀၂၆

Zalen

Zalen ad

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရဲ့ နေရာအချို့မှာ ယမန်နေ့ ဧပြီ ၂၇ရက်နေ့ က မိုးသည်း ထန်စွာ ရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတို့ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ရဲ့ လူမှုကွန်ယက်စာမျက်နှာက ပိုစ့်အရသိရှိရပါတယ်။

ဝန်ကြီးချုပ်က “သူသိရတဲ့ နေရာများဖြစ်တဲ့ Chhipphir၊ Lungsei နဲ့ Sialsuk ဒေသများတွင်လည်း ထိခိုက်ပျက်စီး မှုများ ဖြစ်ပွားခဲ့ပြီး အိမ်များအပါအဝင် ပစ္စည်းများ အချို့ပျက်စီးခဲ့ကြောင်းနဲ့ ထိခိုက်နစ်နာမှုများ နဲ့ ထိခိုက်ခံစား ရသူများ အတွက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်လို့ “ရေးသားထားပါတယ်။

အစိုးရအနေဖြင့် လျစ်လျူရှုမှာမဟုတ်ဘဲ ဥပဒေနှင့်အညီ တတ်နိုင်သမျှ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမယ်လို့ဆိုထားပါတယ်။

DDMA အဖွဲ့များအားလုံးကိုလည်း ကူညီရန်လိုအပ်နေသူများထံသို့ လျင်မြန်စွာ သွားရောက်ကူညီပေးကြရန် တိုက်တွန်းပါသည်။ ထိခိုက်ခံစားရသူများအား ကူညီပံ့ပိုးပေးနေသော YMA နှင့် ဒေသခံပြည်သူများအားလည်း အထူးကျေးဇူးတင်ရှိကြောင်းလည်းပြောဆိုထားပါတယ်။

မိမိတို့ရပ်ကွက်နှင့် ကျေးရွာများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားပါက Zonal Officer များထံ အချိန်မီ အကြောင်း ကြားပေးကြပါဖို့ ဝန်ကြီးချုပ်က တိုက်တွန်းနှိုးဆော်ထားပါတယ်။

Siaha ခရိုင်တွင် မနေ့ညက မိုးရွာ၊ လေပြင်းတိုက်ခိုက်မှုတို့ကြောင့် အိမ် ၇ လုံး ပျက်စီးခဲ့ပြီး ယင်းပျက်စီးသည့် အိမ်များမှာ Supha ကျေးရွာတွင် ၁ လုံး၊ Thosai ကျေးရွာတွင် သစ်ပင်ပြိုကျပြီး Anganwadi Centre ၊ Amotlah ကျေးရွာတွင် အိမ် ၁ လုံး ပျက်စီး၊ Tisopi ကျေးရွာတွင် အိမ် ၄ လုံး ပျက်စီးခဲ့ပါတယ်။

Lunglei ခရိုင်အတွင်းမှာလည်း လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး Sairep ကျေးရွာတွင် နေအိမ် ၈ လုံးနှင့် Sub Centre နဲ့ အစိုးရ မူလတန်းကျောင်း ပျက်စီးခဲ့ပါတယ်။ Tawipui South ကျေးရွာတွင် နေအိမ် ၅ လုံး ပျက်စီးခဲ့ပြီး လျှပ်စစ်တိုင် ၇ တိုင် လဲကျခဲ့ပါတယ်။ Mualthuam South ကျေးရွာတွင် နေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး Bualte၊ Thualthu၊ Buknuam နှင့် Rualalung ကျေးရွာများတွင်လည်း နေအိမ်များ ပျက်စီးမှုများ ရှိခဲ့ကြောင်း District Disaster Management and Rehabilitation ရဲ့ သတင်းအရ သိရှိရပါတယ်။

အဆိုပါ လေပြင်းတိုက်ခိုက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု မရှိသေးကြောင်းသိရှိရပါတယ်။

Mai

ဓာတ်ပုံ-လူမှုကွန်ယက်

#အိန္ဒိယနိုင်ငံ#မီဇိုရမ်ပြည်နယ်#လေပြင်းတိုက်ခိုက်ခြင်း#မိုးသည်းထန်#Zalen

နောက်ဆုံးရသတင်းများ

မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များက လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူ

ဧပြီ ၂၈၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ် မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များဝင် ရောက်လာ ပြီး လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူနေတယ်ဆိုတဲ့ ရုပ်သံတခု အွန်လိုင်းလူမှုမီဒီယာတွင် ပျံ့နှံ့လာပါတယ်။ ယင်းဖြစ်စဉ်မှာ ...

ဆက်ဖတ်ရန်